SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အသက်မွေး ဝမ်းကျောင်း အထောက် အကူပြု တစ်လုံးထိုး အင်ဂျင်ပြုပြင်မှုသင်တန်းဆင်း

Tuesday, 05 September 2017 09:50 font size decrease font size decrease font size increase font size increase font size

တောင်တွင်းကြီး စက်တင်ဘာ ၎

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သီလကျေးရွာတွင် ယမန်နေ့ နံနက်၉ နာရီခွဲက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်မှုသင်တန်း ဆင်းပွဲ ကျင်း ပသည်။

သင်တန်းဆင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးမင်းမင်းက သင်တန်း တက်ရောက်ရခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ပြောကြားသည်။ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးကသင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်း သား တစ်ဦးက လက် ခံရယူသည်။

သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေး ခြင်းဖြစ်ပြီး အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာနှစ်ဦးက သင်ကြားပို့ချ ပေး သည်။ သင်တန်းကာလမှာ သြဂုတ် ၂ဝ ရက်မှစက်တင်ဘာ ၃ ရက်အထိဖြစ်ပြီး ကျေးရွာများမှ သင်တန်းသား ၄၃ ဦးတက်ရောက်သင်ယူကြောင်း သိရသည်။

အခမ်း အနားသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်း မင်းနှင့် အဖွဲ့ဝန် ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရွာခွဲတာဝန်ခံများ၊ အခြားဖိတ်ကြား ထားသူ များနှင့်သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်

Read 219 times Last modified on Tuesday, 05 September 2017 09:52