SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုရှိ ဧကခုနစ်ထောင်ကျော်၌ အကျိုးတူ လယ်ယာစနစ် ဖော်ဆောင်မည်

Monday, 03 September 2018 09:30 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ ၂

ယခုနှစ် ဆောင်းပြောင်းစိုက်ပျိုးမည့် ရာသီတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုရှိ ဧကခုနစ်ထောင်ကျော်၌ အကျိုးတူ လယ်ယာစနစ် ဖော်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးမင်းခိုင်ထံမှ သိရသည်။

ယခုကဲ့သို့ ဆောင်ရွက်ရာတွင် စုစုပေါင်း ဆောင်းပြောင်းစိုက်ဧက ၇၄၂ဝ ဧကကို ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ကြို့ ပင်ကောက် မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့၌ အဓိက လုပ် ဆောင်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၌လည်း ထည့်သွင်း ဆောင်ရွက်ရန် လျာထားသည်။

''အဓိကက တောင်သူတွေ ခိုင်မာတဲ့ ဈေးကွက်ရရှိဖို့ပါ။ အားသာချက်က ကြမ်းခင်း ဘယ်ဈေးရမယ်။ နောက်ပေါက်ဈေးတက်လာရင်လည်း ပေါက်ဈေးအတိုင်းရမယ်။ ဒါပေမဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီ ကိုပဲ ရောင်းရမယ်ပေါ့။ ကုမ္ပဏီကတော့ အရင်းအနှီး၊ သွင်း အားစုတွေ စတဲ့လိုအပ်ချက်တွေကို တောင်သူတွေကိုပေးရမယ်''ဟု  ဦးမင်းခိုင်က ပြောသည်။

ထို့ပြင် ယခုနှစ်အတွင်း ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် ဘားအံမြို့နယ်၊ ကယား ပြည်နယ် ဖရူဆိုမြို့နယ်တို့၌လည်း ဧက  ၅ဝဝဝ ကျော်ကို အကျိုးတူလယ်ယာစနစ်  အကောင်အထည်ဖော်ရန် Pilot Project အနေဖြင့် ကြိုတင်ဆောင်ရွက်လျက်ရှိသည်။

ဆောင်းပြောင်းကို  အစောဆုံး စက်တင် ဘာလမှ နောက်အကျဆုံး ဒီဇင်ဘာလအတွင်း စိုက်ပျိုးလေ့ရှိကြပြီး ကမ္ဘာ့နိုင်ငံများ၌ အမေရိကန် ပြည်ထောင်စုသည် ပြောင်း ထွက်ရှိမှု အများဆုံး နိုင်ငံဖြစ်ပြီး အာရှနိုင်ငံများ၌ ဒုတိယ အများဆုံး ပြောင်းထွက်ရှိရာ နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

Read 152 times Last modified on Monday, 03 September 2018 09:33