SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဥပဒေပြဋ္ဌာန်းပြီးပါက သဘာဝ အမွေအနှစ် နယ်မြေများ တိုးချဲ့ ထိန်းသိမ်းရန် စီစဉ်

Monday, 03 September 2018 09:30 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   စက်တင်ဘာ  

မြန်မာနိုင်ငံအတွင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်းပြီးစီးပါက သဘာဝ အမွေအနှစ် ကောင်းမွန်သည့် နယ်မြေများကို တိုးချဲ့ထိန်းသိမ်းရန် စီစဉ်ထားကြောင်း သစ်တောဦးစီးဌာန သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။

''ဥပဒေသစ်ထွက်ထားပေမယ့် နည်းဥပဒေ ကျန်ပါသေးတယ်။ နည်းဥပဒေထွက် လာရင်တော့ ထိန်းသိမ်းရမယ့်နယ်မြေတွေကို ထိရောက်စွာ တိုးချဲ့ဆောင်ရွက်နိုင်မယ်။ မူကြမ်းကိုတော့ ရေး ဆွဲနေပါတယ်။ တချို့ဒေသတွေမှာ အာဆီယံ အမွေအနှစ်အဖြစ် ထိန်းသိမ်းနိုင်လို့ ပိုကောင်းလာတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့  သဘာဝ ထိန်းသိမ်းရေးနယ်မြေ အာဆီယံအမွေအနှစ် ဥယျာဉ်ခုနစ်ခု ရှိပါတယ်။  နည်းဥပဒေ ထွက်လာရင် ဂေဟစနစ်နဲ့ သဘာဝအမွေအနှစ် ကောင်းမွန်တဲ့ နယ်မြေတွေကို တိုးချဲ့ ဖွဲ့စည်းမှာပါ'' ဟု ဦးအောင်ဆန်းက ပြောသည်။

အဆိုပါဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေသစ်ကို ၂ဝ၁၈ ခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ခဲ့ပြီး နည်းဥပဒေ ဆက်လက် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။ ယင်းဥပဒေသစ်အတွင်း  သဘာဝထိန်းသိမ်း ရေးနယ်မြေအမျိုးအစား၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ ရှားပါးပထဝီ အနေအထားများ တည်ရှိရာဒေသများကို ရေရှည်တည် တံ့စေရန် မဟာဗျူဟာအရ ထိန်းသိမ်း ရေးနယ်မြေများ သတ်မှတ်ထားသည်။ လက်ရှိနည်းဥပဒေ မူကြမ်းတွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေ အမျိုးအစား ခုနစ်မျိုးပါဝင်ပြီး သိပ္ပံကြိုးဝိုင်း၊ အမျိုးသား ဥယျာဉ်၊ သ ဘာဝကြိုးဝိုင်း၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဘူမိရုပ်သွင် ထူးခြားသည့် နယ်မြေနှင့် ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေတို့ ပါဝင်ကြောင်း သိရသည်။

Read 185 times Last modified on Monday, 03 September 2018 09:41