SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ပခုက္ကူမြို့ ၌ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Tuesday, 05 September 2017 09:59 font size decrease font size decrease font size increase font size increase font size

ပခုက္ကူ စက်တင်ဘာ ၎

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီကကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်ကအဖွင့်အမှာစကား ပြောကြား သည်။ထို့နောက် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးတင့်ထူးအောင်က ပခုက္ကူမြို့နယ်တွင် အကောင် အထည် ဖော် ဆောင်ရွက်နေသည့်ဥှ ရုံးလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဦးမြမင်းဆွေကပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ အကြောင်း ကို လည်း ကောင်း၊ Action AidMyanmarမှ အပူပိုင်းဇုန်စီမံကိန်းမန်နေဂျာဦးအောင်မင်းနိုင်က အလုပ် ရုံဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုလည်းကောင်း၊ ရတနာပွဲရုံ (ပခုက္ကူ)မှ ဦးတင် ဝင်းက မွန်ဂိုလီးယားနှင့်ဗီယက်နမ်နိုင်ငံတွင် OSSလေ့လာရေး ခရီးစဉ်များ အကြောင်း ကိုလည်းကောင်း၊မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက်နာယကဦးရဲထွဋ်က ပြည်သူ့ဝန် ဆောင် မှု ဆိုင်ရာ OSS  အလုပ်ရုံဆွေးနွေးပွဲ၏တစ်ရက်တာဆွေးနွေးမည့် လုပ်ငန်းစဉ်များ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက် အဖွဲ့အစည်း များမှပြည် သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် OSS လုပ်ငန်းအောင်မြင်ရန်အတွက် ဆောင်ရွက် သင့် သည့် လုပ်ငန်းများကို အုပ်စုဖွဲ့၍ အပြန်အလှန်ဆွေးနွေးကြပြီး ဒေသခံများအတွက် အကျိုးဖြစ် ထွန်း၍အမှန်တကယ်လိုအပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် နှင့်မြို့နယ် စီမံခန့် ခွဲရေးကော် မတီဝင်များ၊ ဥှ ရုံးလုပ်ငန်းတွင်ပါဝင်သောဌာနဆိုင်ရာများထံ တင်ပြကြသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များက တင်ပြချက်များအပေါ် ထပ်ဆင့် အကြံပြုကြရာ OSS ရုံးလုပ်ငန်းများတွင်လုပ်ဆောင်နေသည့် ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်း များ အား ပြည် သူများသိရှိနားလည်စေရန်အတွက် အသိပညာပေးခြင်း၊ ကြော်ငြာ ခြင်းများပြု လုပ် သင့်ကြောင်း၊ ဒေသခံပြည်သူများအတွက် အမှန်တကယ်အကျိုးပြုသော ပြည်သူ့ ဝန်ဆောင် မှုလုပ်ငန်းများဖြစ်စေရန် ဒေသခံများကိုပါ OSS ရုံးများတွင် ပါဝင်ဦး ဆောင်ခွင့်ပြု သင့်ကြောင်းနှင့် OSSရုံးလုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများအား သီးခြားတာဝန် ပေး ရေး ဆိုင်ရာ လုပ် ငန်းခွင်မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းများ လုပ်ဆောင် သင့်ကြောင်းကိုအကြံပြုဆွေးနွေးကြသည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပခုက္ကူမြို့နယ် Action Aid Myanmar နှင့် ဌာ နဆိုင်ရာများမှ ပူး ပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Read 185 times Last modified on Tuesday, 05 September 2017 10:00