SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေး

Monday, 03 September 2018 10:03 font size decrease font size decrease font size increase font size increase font size

အင်္ဂပူ စက်တင်ဘာ ၂

ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် သက္ကယ်တန်း ကျေးရွာအုပ်စု ချင်းကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။ ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန ဦးစီးမှူး ဦးစိုင်းဝင်းသိန်းက နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးထွန်းလင်းခိုင်က ပြည်သူ့ဝန်ဆောင်မှုရုံး ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးနှင့် တာဝန်ရှိသူများက အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ၁၅၃ ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ပေးအပ်ကြောင်း သိရသည်။

Read 182 times Last modified on Monday, 03 September 2018 10:04