SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မနောသုခ မိုးစပါးမျိုးသန့် မျိုးစေ့ ထုတ်စံပြ စိုက်ခင်း၌ တောင်သူများ စုပေါင်း ဓာတ် မြေသြ ဇာကြဲပက်

Tuesday, 05 September 2017 10:03 font size decrease font size decrease font size increase font size increase font size

တောင်တွင်းကြီး စက်တင်ဘာ ၎

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ကန်တော်ကြီး ကန်ရေသောက်ကွင်းအမှတ် (၂ဝ၃၃) ကွင်းအမှတ် (၂ဝ၁၁) အတွင်းရှိ

တရုပ်ကောအုပ်စု သဖန်း ကုန်းကျေးရွာနှင့်ကွမ်းခြံစုကျေးရွာအနီးရှိ မနောသုခမိုးစပါးမျိုးသန့်၊ မျိုးစေ့ထုတ် စံပြ စိုက်ခင်းဧက၂ဝ ၌ ယမန်နေ့ နံနက် ၈ နာရီကတောင်သူများစုပေါင်းကာ ဓာတ်မြေသြ ဇာ ကြဲပက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက် ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဌေးက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဓာတ်မြေသြဇာနှင့်အားတိုးဆေးများကို တောင်သူများအားပေးအပ်ရာ တောင်သူများက မနောသုခမိုးစပါးမျိုးသန့်၊မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း ဓာတ်မြေသြဇာနှင့်အားတိုးဆေးများ စုပေါင်းကြဲ ပက်ကြကြောင်း သိရသည်။

Read 199 times Last modified on Tuesday, 05 September 2017 10:05