SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မော်လမြိုင်ကျွန်းမြို့နယ်၌ ချောင်းကူးတံတားနှစ်စင်းဖွင့်လှစ်

Monday, 03 September 2018 10:11 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်ကျွန်း စက်တင်ဘာ ၂ ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဇောက်ကျေးရွာအုပ်စု ကျီးချောင်း-ညောင်ပိတ်ချောင်း ကူးတံတားနှင့်သီးသန့် ကျီးချောင်းချောင်းကူးတံတား နှစ်စင်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါချောင်းကူး တံတားများ၌ ကျင်းပသည်။ ကျီးချောင်း-ညောင်ပိတ် ချောင်းကူးတံတားမှာ အရှည် ၉၂ ပေ၊ အကျယ် ၁၀ ပေရှိပြီး သီးသန့်ကျီးချောင်းကူး တံတားမှာ အရှည်ပေ ၅၀၊ အကျယ် ၁၀ ပေရှိကာ အလှူရှင်ဦးသောင်းညွန့်-ဒေါ်ဝင်းအေးမိသားစုတို့က ငွေကျပ်သိန်း ၁၀ဝ ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယင်းချောင်းကူး တံတားနှစ်စင်း တည်ဆောက်ဖွင့်လှစ် ပေးနိုင်ခဲ့သောကြောင့် ကျေးရွာချင်းဆက် ကျေးရွာခုနစ်ရွာမှ ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သွားလာရေးအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

Read 157 times Last modified on Monday, 03 September 2018 10:11