SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်းပေါင်း ၈ဝ၀ဝ၀ ကျော် ထုတ်ချေး

Monday, 03 September 2018 10:11 font size decrease font size decrease font size increase font size increase font size

ကျောင်းကုန်း စက်တင်ဘာ ၂

ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ် မိုးရာသီ ကာလအတွက် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်းပေါင်း ၈၀ဝ၀ဝ ကျော်ကို တောင်သူများထံသို့ ထုတ်ချေးထားပြီး ဖြစ်ကြောင်း သိရသည်။ ကျောင်းကုန်းမြို့နယ်၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေး အတွက် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ကျေးရွာအုပ်စု ၆၈ အုပ်စုမှ တောင်သူ ၇၉၀၂ ဦး၏ စပါးစိုက်ပျိုး ဧကပေါင်း ၅၄၈၆၃ ဧကအတွက် ချေးငွေပေါင်း ၈၂၂၉၄၅၀ဝ၀ဝ ကျပ် ထုတ်ချေးပေးနိုင်ခဲ့ပြီး အဆိုပါ ချေးငွေများအား ၂၀၁၈ ခုနှစ် မေ ၁၈ ရက်မှ ဩဂုတ် ၂၉ ရက်အထိ တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပြီးစီးပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

Read 175 times Last modified on Monday, 03 September 2018 10:57