SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

စားသောက်ဆိုင်များနှင့် လမ်းဘေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

Tuesday, 04 September 2018 10:11 font size decrease font size decrease font size increase font size increase font size

ပဲခူး စက်တင်ဘာ ၃

စားသောက်ဆိုင်များနှင့် လမ်းဘေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပဲခူးမြို့ ရုံးကြီးရပ်ကွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။ ရှေးဦးစွာ ပဲခူးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ကော်မတီအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အစားအသောက်များနှင့် ပတ်သက်၍ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန် တိကျသော မူဝါဒများ ချမှတ်၍ အလေးပေးဆောင်ရွက်ရန် ချမှတ်ပြီး ဆောင်ရွက်နေသော လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များ သုံးသပ်၍ ထိရောက်သော အကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ အကာအကွယ်ပေးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် သတင်းကြိုတင် ပေါက်ကြားမှု မရှိစေရေးအတွက် တိတိကျကျ စစ်ဆေးရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ကော်မတီ အတွင်းရေးမှူးက စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစီမံချက် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်လာသော ကော်မတီဝင်များက ပြန်လည်ညှိနှိုင်း ဆွေးနွေးကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးမှူး၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ကော်မတီဝင်များ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

Read 154 times Last modified on Tuesday, 04 September 2018 10:12