SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ငါးရိက္ခာ ဖူလုံစေရေး စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်

Tuesday, 04 September 2018 10:11 font size decrease font size decrease font size increase font size increase font size

ပြည် စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဇီးအုပ်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာဖူလုံစေရေး အတွက် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က အမှာစကား ပြောကြားပြီး အခမ်းအနား တက်ရောက်လာကြ သူများနှင့်အတူ တီလားဗီးယားနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၆၅ဝဝဝ ကို စပါးခင်းများ အတွင်းနှင့် ပေါင်းစည်းလယ်ယာ စပါးခင်း အတွင်းသို့ စိုက်ထည့်ပေးကြသည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်၊ ပြည်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read 179 times Last modified on Tuesday, 04 September 2018 10:12