SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပြည်တွင်းမှ မျှော့များကို တရုတ်နိုင်ငံက ဈေးနှိမ် ဝယ်ယူလာခြင်းကြောင့် ရောင်းချသူ နည်းပါးလာ

Tuesday, 05 September 2017 11:42 font size decrease font size decrease font size increase font size increase font size

ဝေါ    စက်တင်ဘာ  

ပြည်တွင်းမှ ထွက်ရှိသည့် မျှော့များကို တရုတ်နိုင်ငံက ဝယ်ယူလျက်ရှိရာ စက်တင်ဘာလအတွင်း ယခင်ကထက် ဈေး နှိမ်ဝယ်ယူလာသောကြောင့် ရှာဖွေဖမ်းဆီး ရောင်းချသူ နည်းပါးလာကြောင်း ပဲခူးခရိုင်အတွင်းရှိ မျှော့အဝယ်ဒိုင်များထံမှ သိရသည်။ 

မိုးတွင်းကာလအစ ဇွန်၊ ဇူလိုင်လတို့တွင် မျှော့အကြီး တစ်ပိဿာလျှင် ငွေကျပ်၁၆ဝဝဝ ဈေးရှိခဲ့ရာမှ စက်တင်ဘာ ပထမပတ်အတွင်း မျှော့ကြီး တစ်ပိဿာလျှင် ငွေကျပ် ၁၃ဝဝဝ အထိ ဈေးကျခဲ့သဖြင့် မျှော့ရှာဖွေ ရောင်းချသူ နည်းပါး လာကြောင်း သိရသည်။ သြဂုတ်လအတွင်း မျှော့အသေးတစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝဝ ရှိခဲ့ပြီး စက်တင်ဘာ ပထမပတ်တွင်  မျှော့အသေးတစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝဝ အထိ ဈေးကျဆင်းနေကြောင်း သိရသည်။

မြစ်ချောင်းအင်းအိုင် ပေါများသည့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတို့မှ ရှာဖွေရရှိသော မျှော့များကို ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ  ပဲခူးမြို့၊ ဝေါမြို့၊ ဘုရားကြီးမြို့တို့ရှိ မျှော့အဝယ်ဒိုင်ကြီးများထံ လာရောက် ရောင်းချကြပြီး ထိုမှတစ်ဆင့် တ ရုတ်နိုင်ငံသို့ ပို့ပေးရကြောင်း သိရသည်။ မျှော့ များသည် မြစ်ရိုး၊ ချောင်းရိုးနှင့် အင်းအိုင်၊ ကန်၊ လယ်ကွက်များတွင် နေတတ်ကာ လူနှင့် ကျွဲ၊ နွားတို့ကို သွေးစုပ် တတ်သော သတ္တဝါဖြစ်သော်လည်း တရုတ်နိုင်ငံတွင် မျှော့များကို သွေးထုတ်ကာ အခြောက်လှန်း၍ နှလုံးသွေးကြော ကျဉ်းရောဂါနှင့် အကြော အားတိုးဆေး စသည့်တရုတ်တိုင်းရင်းဆေးများအဖြစ် ဖော်စပ်ကြောင်း သိရသည်။

Read 283 times Last modified on Tuesday, 05 September 2017 12:02