SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဟားခါးမြို့၌ ပြည်နယ် လွှတ်တော်ရုံးသစ် စတင်ဆောက်လုပ် လျက်ရှိ

Tuesday, 05 September 2017 11:42 font size decrease font size decrease font size increase font size increase font size

ဟားခါး   စက်တင်ဘာ  

ချင်းပြည်နယ် ဟားခါးမြို့၌ ပြည်ထောင်စု လွှတ်တော်က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့် တည် ဆောက်မည့် ပြည်နယ်လွှတ်တော်ရုံးသစ်ကို သြဂုတ် ၁၈ ရက်တွင် ပန္နက်ရိုက်ပြီး ယခုအခါ စတင်တည်ဆောက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ရုံးသစ်ကို ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ရှိ အဆောက်အအုံမြေနေရာ၌ စတင်တည်ဆောက်နေ ခြင်းဖြစ်ပြီး လွှတ်တော်ရုံး တည်ဆောက်ရာတွင် ထိပ်ပိုင်းနှင့် အခြားအစိတ်အပိုင်းများကို အမေရိကန် နိုင်ငံရှိ လွှတ်တော်ပုံစံအတိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီဇိုင်းထုတ်ကာ တည်ဆောက် သွားမည် ဖြစ်ကြောင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းပိုင်းကို ပြည်တွင်းရှိ ပညာရှင်များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောသည်။ အဆိုပါ လွှတ်တော် အဆောက်အအုံကို Aroma Rose Co.,ltd. က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေ ရင်းခွင့်ပြုရန်ပုံငွေကျပ် ၅၅ဝ၈ ဒသမ ၇၂ဝ သန်း အကုန်အကျခံကာ ကြမ်းခင်းဧရိယာ ၇၅ဝဝဝ စတုရန်းပေရှိ မြေနေရာပေါ်တွင် သံကူကွန်ကရစ် အမျိုးအစား သုံးထပ်အဆောက်အအုံအဖြစ် တည်ဆောက်သွားမည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်နိုင်ရန် လွှတ်တော်ရိပ်သာကိုလည်း တည်ဆောက်သွားမည် ဖြစ်သည်။

ယခုအခါ ချင်းပြည်နယ် အစိုးရက ဒေသနှင့် ကိုက်ညီသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ အခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်လာရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လာမည့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ဒေသဝမ်းစာဖူလုံ၍ ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် မူဝါဒများချမှတ် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Read 334 times Last modified on Tuesday, 05 September 2017 12:01