SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီးက အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးအား အလုပ်သဘော နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံ

Tuesday, 05 September 2017 12:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး H.E. Ms. Retno L.P. Marsudi အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟို တယ်၌ အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

နေ့လယ်စာစားပွဲသို့ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Dr. Ito Sumardi တို့တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီးက အကြမ်း ဖက်မှုများကြောင့် ရခိုင်ပြည်နယ်တွင် နေထိုင်သူ များနေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများ၌ ခိုလှုံနေရသည့် အခြေအနေမျိုးတွင် နိုင်ငံတော် အစိုးရ အနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရန် တာဝန်ရှိသည့်အလျောက် ထိရောက်သော အစီအမံများ ချမှတ်၍ ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးအား အသိပေး ပြောကြားခဲ့သည်။

ထိုသို့ကူညီထောက်ပံ့မှုများ ပေးအပ်ရာတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ခြင်းဆိုင်ရာ အခြေခံမူနှင့် အညီ ခွဲခြားမှုမရှိဘဲ ကူညီပေးရေးကိစ္စကို အာဆီယံနိုင်ငံများမှ ပူးပေါင်းပါဝင် ကူညီပေးနိုင်မည့် အခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read 220 times Last modified on Tuesday, 05 September 2017 12:02