×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

မော်လမြိုင်မြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

Tuesday, 05 September 2017 12:02 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် စက်တင်ဘာ ၎

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ယမန်နေ့ နံနက် ၅ နာရီက (၁၈၄)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲ (ပထမနေ့)ကျင်းပသည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်နှင့် မုတ္တမကျေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၆၇ ကျောင်း၊ သီလရှင်ကျောင်း ၄၈ ကျောင်းတို့မှ သံဃာတော် ၇၃၈ဝ ပါး၊ သီလရှင်   ၁၃ ၄၅ ပါးတို့သည် မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက် ဇေယျာ(၂)လမ်းရှိ လောကမာရဇိန် ငွေဘုံသာ စေတီတော် ရှေ့မှစတင်၍ မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် ဝတ်ကြီးဘုရားလမ်းအထိ လှည့်လည်ကြရာ ဒေသခံ ပြည်သူများက ဆန် ၁၄၁၃၄ တင်းနှင့် အလှူငွေကျပ် သိန်း ၄ဝ ကျော်ကို စုပေါင်း လောင်းလှူကြကြောင်း သိရသည်။

Read 261 times Last modified on Tuesday, 05 September 2017 12:12