SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ် အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်၊ ကျေးရွာနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီး

Tuesday, 05 September 2017 11:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၎

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက လက်နက်ငယ်များနှင့်ပစ်ခတ်ခြင်း၊ ကျေးရွာနှင့် နေအိမ်များအား မီးရှို့ ဖျက်ဆီး ခြင်းများ ဆက်လက် ပြုလုပ်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက် ညသန်းခေါင်ခန့်တွင် မောင်တောမြို့နယ် အောက်ပြူး မကျေးရွာနှင့်ငါးခူရ ကျေးရွာတို့ကိုဆက်သွယ်ထားသည့် ငါးခူရဈေးထိပ်တံတား၌ မသင်္ကာဖွယ် လှုပ်ရှားမှုများ တွေ့ရှိ သဖြင့် သွားရောက် ရှင်းလင်းစဉ် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများက လက်နက် ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် သမားများသည် နေအိမ် ၅ဝ ကို မီးရှို့ဖျက်ဆီး

ပြီး အောက်ပြူးမ ကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းစဉ် လက်လုပ်မိုင်း တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းတွင် နယ်မြေရှင်းလင်းစဉ် မောင်တောမြို့နယ် အုန်းတော အနောက်ကျေးရွာရှိ နေအိမ် ၁၂ဝ ကျော်ခန့်အား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီး ထားမှုကို တွေ့ရှိရကြောင်း။

ထို့ပြင် ဇော်မတက်ကျေးရွာအုပ်စု ဒင်္ဂါး ကျေးရွာတွင် နေအိမ် ၃ဝ၊ ဆော်ကီးနာမကျေး ရွာတွင် နေအိမ် ၅ဝ ၊ ဟင်္သာရ ကျေးရွာတွင် နေအိမ် ၁ဝ စုစုပေါင်း နေအိမ် ၉ဝ မီးလောင်ကျွမ်းနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ချိန်ခါလီကျေးရွာအတွင်း နယ်မြေရှင်း လင်းစဉ် ကျေးရွာ အစွန်ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိရပြီး ၎င်းအိမ်မှ မိုင်းနှစ်လုံး ပေါက် ကွဲ ခဲ့ကြောင်း။

မောင်တောမြို့ အမှတ်(၅)ရပ်ကွက် MPT တာဝါတိုင် အနီး၌ ယနေ့ညနေပိုင်းတွင် မသင်္ကာသူ တစ်ဦးတွေ့ ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစဉ် တာဝါတိုင်၏ အရှေ့ဘက် ခြံစည်းရိုးအနီး အချင်း ၂ လက်မ၊ အရှည် ၉လက်မရှိ သံပိုက်လုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း တစ်လုံးကို အဖြူရောင် ဝါယာကြိုး အရှည်ပေ ၁ဝဝခန့် တစ်ချောင်းနှင့် အနီ/အနက် နှစ်ပင်လိမ် ဝါယာကြိုးအရှည် ၄၅ ပေခန့်တို့အား လက်လုပ် မိုင်းနှင့် ဆက်သွယ်ထားသည်ကို တွေ့ရှိသဖြင့် လက်လုပ်မိုင်းအား ရှင်းလင်းဖယ်ရှား ခဲ့ကြောင်း သတင်း ရရှိသည်။

            

Read 343 times Last modified on Tuesday, 05 September 2017 12:06