အခမ်းအနားတွင် ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် လယ်ယာသုံး စက်ကိ ရိယာများ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သဘောတရားများကို သင် တန်းသားများ အနေဖြင့် သေချာစွာ ဂရုတစိုက် သင်ယူသွားကြရန်နှင့် သင်တန်းဆင်းပြီးပါက လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးပြုနိုင်သည်အထိ ကြိုးစား သင်ယူကြရန် ပြောကြားပြီး ပြည်နယ်စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်ဆန်းက သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်း ပြောကြားသည်။
သင်တန်းတွင် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ထွန်းနှင့် နည်းပြဆရာများက လယ်ယာသုံးစက် ကိရိယာ အခြေခံထိန်းသိမ်းမှု နည်းပညာများ၊ လက်တွန်းထွန်စက်၊ ထွန်စက်ကြီး ထယ်ထိုးထွန်မွှေ မောင်းနှင်မှုများ၊ ကောက်စိုက်စက်၊ စပါးရိတ်သိမ်း ခြွေလှေ့စက်တို့ကို အင်ဂျင်ပိုင်းဖြုတ် တပ် စသည့်ပညာရပ်များအား စာတွေ့လက် တွေ့သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ မြစ်ကြီးနားမြို့နယ် အတွင်းရှိ တပ်ကုန်း၊ အကျဲ၊ မော်ဖောင်း၊ စံကင်း စသည့် ရပ်ကွက်/ကျေးရွာ တို့မှတောင်သူသင်တန်းသား ၃၁ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၄ ရက်မှ ၁၇ ရက်အထိ ဖြစ်ကြောင်း သိရသည်။