SJ WorldNews - шаблон joomla Авто

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ တတိယ အကြိမ်အစည်းအဝေးကျင်းပ

Sunday, 06 August 2017 08:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    သြဂုတ်  

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကိုယမန်နေ့နံနက် ၉ နာရီက  နေပြည်တော် Grand Amara Hotel အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည်တိုင်းဒေသကြီးနှင့် ပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့်  တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် ပထမအကြိမ်တွေ့ဆုံဆွေးနွေးခွင့်ရသည့်ထူးခြားသော အစည်းအဝေး တစ်ရပ် ဖြစ်ကြောင်း၊  ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အထောက်အကူပြုရန်အတွက် အဖွဲ့ခွဲရုံးများအား  သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်   ပြည်နယ်ဥပဒေချုပ်ရုံး များ၌ထားရှိဆောင်ရွက်ပေးထားကြောင်း၊   မကြာမီ နိုင်ငံတော်အဆင့် Rule  of  Law  Forum တစ်ရပ်ကို ကျင်းပရန် စီစဉ်လျက်ရှိကြောင်း  ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အဖွဲ့ခွဲအသီးသီးမှ အဖွဲ့ခေါင်းဆောင်များက လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု၊ တွေ့ကြုံရသည့်အခက်အခဲနှင့် လိုအပ်ချက်များကိုတင်ပြဆွေး နွေးကြသည်။

ယင်းနောက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့်အဖွဲ့ခွဲများက ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများကပါဝင်ဆွေးနွေး အကြံပြုခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်း စပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ အဖွဲ့ခေါင်းဆောင်များနှင့်အဖွဲ့ဝင်များ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အကြံပေးအဖွဲ့ဝင်များ၊ UNDP  နှင့် My Justice Team တို့မှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။   

Read 634 times Last modified on Sunday, 06 August 2017 08:53