SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နမ့်ခမ်း မူဆယ် မန်ဟီးရိုး ပန်ဆိုင်း (ကြူကုတ်) မြို့တို့တွင် လျှပ်စစ်မီး လေးရက်ခန့် ပြတ်တောက်မည်

Tuesday, 05 September 2017 12:02 font size decrease font size decrease font size increase font size increase font size

မူဆယ် စက်တင်ဘာ ၎

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်း၊ မူဆယ်၊ မန်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့တို့တွင် မူဆယ်မြို့နယ်ရှိ ဓာတ်အားခွဲ စက်ရုံပြုပြင်နေသည့်အတွက် လျှပ်စစ်မီးလေးရက်ခန့် ပြတ်တောက်မည် ဖြစ်ကြောင်း မူဆယ်ဓာတ်အားခွဲရုံမှ သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့သို့ မူဆယ်ဓာတ်အားခွဲ စက်ရုံမှ တစ်ဆင့် လျှပ်စစ်မီးများ ပေးပို့လျက်ရှိရာ ရွှေလီအမှတ်(၁) လျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ စက်ခြောက်လုံးကို အကြီးစား ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၆ ရက် နံနက် ၆ နာရီမှ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီအထိ လျှပ်စစ် ဓာတ်အား ခေတ္တဖြတ်တောက်ထားမည် ဖြစ်သည်။ မူဆယ်မြို့နယ် ဓာတ်အားခွဲစက်ရုံမှ ထရန်စဖော်မာများ အသစ်လဲလှယ်ခြင်း၊ လျှပ်စစ်မီးကြိုးများ အသစ်လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ ဆောင်ရွက်နေစဉ် လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် ဆက်သွယ်ရေး တာဝါတိုင်များနှင့် ဖုန်းလိုင်ြး ပတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ဆက်သွယ်မှု ပြတ်တောက်မှု မရှိစေရေးအ တွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်သွယ်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Read 330 times Last modified on Tuesday, 05 September 2017 12:12