SJ WorldNews - шаблон joomla Авто

အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေး ဆင်ခြေဖုံးမြို့ နယ်များသို့ပါ ကွင်းဆင်း ပညာပေးရန်စီစဉ်

Tuesday, 05 September 2017 13:00 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းရှိ အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကွင်းဆင်း ပညာပေးမှုများကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များ၌ လုပ်ဆောင်ရန်စီစဉ်နေကြောင်း မြန်မာ နိုင်ငံစား သုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ထံမှ သိရသည်။

''လက်ရှိမှာ အစားအသောက်နဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ၊ ပညာပေးမှုတွေ လုပ်ဆောင် တာအားနည်းနေ သေးတယ်။ ဒါကြောင့် မကြာခင်မှာ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဆင်ခြေဖုံးမြို့နယ်တွေကို သွားရောက် စစ်ဆေးပညာပေးတာတွေ လုပ်ဆောင်သွား မှာပါ'' ဟု ဦးဗအုပ်ခိုင်ကပြောသည်။ ယခုအခါ နယ်မြို့များ၌လည်း စားသုံး သူကာကွယ်ရေးအသင်းရုံးခွဲများဖွင့်လှစ်၍ ယင်းဒေသတစ်ဝိုက်ရှိ အခြေခံပညာကျောင်း များနှင့် ဈေးများသို့ စစ်ဆေးပညာ ပေးမှုများ ကို ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်း၏ ရုံးခွဲများကို ရန်ကုန်တိုင်း ဒေသကြီး၌ လှိုင်သာယာမြို့နယ်၊ မြောက် ဥက္ကလာပမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၌ တောင်တွင်းကြီးမြို့၊ ကံမမြို့၊ ပခုက္ကူမြို့၊ ပဲခူးတိုင်း ဒေသကြီး၌ ပဲခူးမြို့၊ ဒိုက်ဦးမြို့၊ မွန်ပြည်နယ် ဘီးလင်းမြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တို့၌ အသင်းရုံးခွဲများ ဖွင့်လှစ် ထားပြီးဖြစ်ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 400 times Last modified on Tuesday, 05 September 2017 13:01