SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ညောင်လေးပင်မြို့မှ ပျောက်ဆုံးသော ကလေးငယ် နှစ်ဦးကို အင်းစိန်ဘူတာ၌ တွေ့ရှိပြီး မိဘထံအပ်နှံ

Wednesday, 06 September 2017 08:06 font size decrease font size decrease font size increase font size increase font size

ညောင်လေးပင် စက်တင်ဘာ ၅

ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့နယ် မြို့မ(၂) ရပ်ကွက်၌ စက်တင်ဘာ ၄ ရက်နံနက် ၄ နာရီခွဲက ကလေးငယ်နှစ်ဦး ပျောက်ဆုံးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ကြိုးစား ဆောင်ရွက်မှုကြောင့် ပြန်လည်တွေ့ရှိပြီး ယနေ့နံနက် ၁ဝနာရီတွင်  မိဘများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင် ခဲ့သည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ မြို့မ(၂)ရပ်ကွက် အုတ်ဖိုတိုးချဲ့လမ်း၌ နေထိုင်သော အဘ ဦးထွန်းရွှေ၊ အမိ ဒေါ်ဝင်းမိုးတို့၏ သားများဖြစ်ကြသော မောင်ဝင်းဗိုလ် အသက် ၉ နှစ် ဒုတိယတန်း ကျောင်းသားနှင့် ၎င်း၏ညီဖြစ်သူ မောင်ထွန်းဝင်း အသက် ၇ နှစ် ပထမတန်း ကျောင်းသားတို့သည် စက်တင်ဘာ ၄ ရက် နံနက် ၄ နာရီခွဲက နေအိမ်မှ စက်ဘီးဖြင့် ထွက်သွားပြီး ပျောက်ဆုံးခဲ့သဖြင့် မိဘများက ညောင်လေးပင်မြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။ တိုင်ကြားမှုကြောင့် ညောင်လေးပင်မြို့မ ရဲစခန်းက လူပျောက် အမှတ်စဉ် (၂/၂ဝ၁၇)ဖြင့် အမှုဖွင့်၍ စုံစမ်းရှာဖွေခဲ့ရာ စက်တင်ဘာ ၄ ရက် ည ၁၂ နာရီက ရန်ကုန်မြို့ အင်းစိန်ဘူတာ၌ ရောက်ရှိနေကြောင်း မီးရထား ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် သန်းထွန်းက သတင်းပေးပို့ လာမှုကြောင့် ကလေးငယ်များ ပြန်လည်တွေ့ရှိပြီး တာဝန်ရှိသူ များက မိဘများနှင့်အတူ သွားရောက် ခေါ်ဆောင်နိုင်ခဲ့သည်။ ပြန်လည်တွေ့ရှိသော ကလေးနှစ်ဦးကို ယနေ့နံနက် ၁ဝ နာရီတွင် ညောင်လေးပင် မြို့မရဲစခန်း၌ မြို့နယ် ရဲတပ်ဖွဲ့မှူးက အားပေး နှစ်သိမ့်စကားများ ပြောကြားပြီး ဖခင်ဖြစ်သူ ဦးထွန်းရွှေထံသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုကြီးနှင့် မြို့မစခန်းမှူး ဒုတိယရဲမှူး ဇော်မိုးတို့က သက်သေများရှေ့တွင် ကလေးငယ် နှစ်ဦးကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

Read 301 times Last modified on Wednesday, 06 September 2017 08:16