SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လူထုဗဟိုပြု စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းကန့် ကားလမ်းဖွင့်လှစ်

Wednesday, 06 September 2017 08:16 font size decrease font size decrease font size increase font size increase font size

ပျော်ဘွယ် စက်တင်ဘာ ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ပျော်ဘွယ်မြို့နယ် ကံသာကျေးရွာ ကျေးရွာတွင်းကန့် ကားလမ်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ ကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ ကျေးရွာတွင်းကန့် ကားလမ်းသစ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးတင်စိုးနှင့် ဦးမြင့်စိုး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းနှင့် လူထုဗဟိုပြု စီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးလှထူးတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အမှာစကား ပြောကြားပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းက မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေ များကိုလည်းကောင်း၊ စီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးလှထူးက လူထုဗဟိုပြု စီမံကိန်းအကြောင်း သိကောင်းစရာ များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ ကန့်ကားလမ်းသည် လမ်းမအရှည် ၁၄၈၂ ပေ၊ အကျယ် ၁၂ ပေလမ်းသွယ် စုစုပေါင်း အရှည် ၇၈၁ ပေတို့အား လူထုဗဟိုပြု စီမံကိန်း၏ ပထမနှစ် စက်ဝန်းရန်ပုံငွေ ၈၃ သိန်းကျော်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 303 times Last modified on Wednesday, 06 September 2017 08:21