SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

Wednesday, 06 September 2017 08:21 font size decrease font size decrease font size increase font size increase font size

ပြည် စက်တင်ဘာ ၅

စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲ အခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်ဟောင်း ကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲကို ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ခြောက်မြို့နယ် အတွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြပြီး နံနက်ပိုင်းတွင် ပန်းချီ၊ ကာတွန်းနှင် စာစီစာကုံး ပြိုင်ပွဲများ ကျင်းပကာ နေ့လယ်ပိုင်းတွင် ကဗျာနှင့် ပိုစတာ ပြိုင်ပွဲများ ကျင်းပသည်။ ''အခုလို ပြိုင်ပွဲ လုပ်ပေးခြင်းဖြင့် လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ကျွန်မတို့ ကလေးတွေ သိလာမယ်။ ဘယ်လို ကာကွယ်ရမယ် ဆိုတာကို ကျွန်မတို့ ကလေးတွေနဲ့ ဌာနဆိုင်ရာတွေ၊ ပညာရေးနဲ့ ပူးပေါင်းပြီး အသိပညာ ပေးမှုလေးတွေ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်းမှာဆိုရင် လစဉ် တစ်မြို့နယ်ကို ငါးကျောင်းနဲ့ ဌာနဆိုင်ရာ တွေကိုလည်း အကြောင်းကြားတယ်ပေါ့။ ပညာရေးနဲ့ ပေါင်းစပ်ပြီးတော့ ဟောပြောမှု လေးတွေလည်း ပြုလုပ်ပါတယ်''ဟု ပြည်ခရိုင် ပညာရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ခိုင်က ပြောသည်။ အဆိုပါ ပြိုင်ပွဲတွင် လူကုန်ကူးမှု မှန်သမျှ ဝိုင်းဝန်းပူးပေါင်း ဆန့်ကျင်ကြ ခေါင်းစဉ်ဖြင့် ဖြေဆိုရမည်ဖြစ်ပြီး ပြိုင်ပွဲမှ ဖြေဆိုမှု များကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရှင်များနှင့် အမှတ်ပေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Read 376 times Last modified on Wednesday, 06 September 2017 08:23