SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အင်းဝမြို့ဟောင်းမှ မြင်းလှည်း ဝန်ဆောင်မှုလုပ်ငန်း

Wednesday, 06 September 2017 08:23 font size decrease font size decrease font size increase font size increase font size

နိုင်ငံတကာ ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုမှာ ပိုမိုများပြား လာခဲ့သည်။

မန္တလေးမြို့သို့ လာရောက် လည်ပတ်သော ခရီးသွား ဧည့်သည်များမှာ မန္တလေး၊ မင်းကွန်း၊ အမရပူရ၊ အင်းဝနှင့် စစ်ကိုင်းမြို့ တို့သို့ သွားရောက် လည်ပတ်လေ့ရှိသည်။ စက်တင်ဘာ လဆန်းပိုင်းမှ စကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု များလာသည့်အတွက် အင်းဝဒေသရှိ မြင်းလှည်းသမားများ အဆင်ပြေလာသည်။ အင်းဝဒေသရှိ မြင်းလှည်း ဝန်ဆောင်မှု လုပ်ငန်းတွင် အမျိုးသမီး မြင်းလှည်းမောင်းသူ ၂ဝ ကျော်ပါဝင်သည်။ မြင်းလှည်းများကို အိုးတုတ္တန်၌ ဂိတ်ထိုးကာ အစီအစဉ်တကျ လိုက်ကြရသည်။ မြင်းလှည်း ဆရာများမှာ နိုင်ငံတကာ ခရီးသွား ဧည့်သည်များနှင့် ပြောဆိုမှု များလာသည့်အတွက် သွားလာ လည်ပတ်ရာတွင် ကျွမ်းကျင်စွာ ပြောဆိုလာနိုင်သည်။ မြင်းလှည်း တစ်ခေါက်ထွက်လျှင် ငွေကျပ် ၁ဝဝဝဝ ရပြီး မြင်းအစာမှာ တစ်နေ့လျှင် ငွေကျပ် ၂ဝဝဝ ကျော်ကုန်ကျသည်။ အမျိုးသမီး မြင်းလှည်းမောင်းသူများ မြင်းလှည်းမောင်းသည့် မြင်ကွင်းကို နိုင်ငံတကာ ခရီးသွား ဧည့်သည်များက မှတ်တမ်းယူလေ့ ရှိသည်။ လက်ရှိကာလတွင် အင်းဝမြို့ဟောင်း၌  ခရီးသွား ဧည့်သည်များအတွက် ခရီးသွား ဝန်ဆောင်မှု မြင်းလှည်းမောင်း လုပ်ငန်းမှာ အမျိုးသမီးများ အတွက်ပါ အလုပ်အကိုင် အခွင့်အလမ်း ရရှိနေသည်။ အင်းဝမြို့ဟောင်းမှ မြင်းလှည်း ဝန်ဆောင်မှု လုပ်ငန်းလုပ်သည့် မြင်းလှည်း ဆရာများမှာ နိုင်ငံတကာ ခရီးသွား ဧည့်သည်များကို အားထားနေရကြောင်း သိရသည်။

Read 330 times Last modified on Wednesday, 06 September 2017 08:24