SJ WorldNews - шаблон joomla Авто

S8it Art Exhibition ပန်းချီပြပွဲ ရန်ကုန်မြို့၌ ပြသ

Sunday, 06 August 2017 09:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ် 

ပြည်တွင်းရှိ   လူငယ်ပန်းချီဆရာများ ရေးဆွဲထားသောပန်းချီကားများပါဝင်ပြသသည fh S8it Art Exhibition သြဂုတ် ၄ ရက်မှ ၈ ရက်အထိ  ရန်ကုန်တိုင်းဒေသကြီး  ကျောက်တံတားမြို့နယ်  ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက် အမှတ်(၂၈၇/၂၈၉) ရှိ Bo Aung Kyaw Art Gallery ၌  နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသထားကြောင်း သိရ သည်။

ယင်းပြပွဲတွင် ပါဝင်ပြသသည့်ပန်းချီကားများမှာ လက်ရှိခေတ်စားနေသော  ပန်းချီ ရေးဆွဲ နည်းအသစ်များဖြင့်  ရေးဆွဲထားခြင်းဖြစ်သည်။   အဆိုပါပန်းချီပြပွဲတွင် အံ့ဘနန်း၊ ဘဂျီ၊ ဟန်ဆန်၊  လွင်ဦးမောင်၊ မြင့်စိုးဦး၊  သိုးထိန်း၊  သူမြတ်နှင့် ဝဏ္ဏအောင်   စသော လူငယ်ပန်းချီဆရာများ  ရေးဆွဲ သည့်ပန်းချီကားများကို ပြသထားခြင်းဖြစ် သည်။

ယင်းပြပွဲတွင် ပြသထားသောပန်းချီကားများမှာ  သဘာဝအလှတရားနှင့်လူနေမှုဘဝ ပုံစံများအကြောင်းကို ဖော်ညွှန်းထားသောပန်းချီကားများဖြစ်သည်။

အဆိုပါပန်းချီကားများ၏ ရောင်းဈေး မှာ အနိမ့်ဆုံး  အမေရိကန်ဒေါ်လာ  ၃ဝဝ မှ အမြင့်ဆုံး   အမေရိကန်ဒေါ်လာ ၁ဝဝဝ အထိရှိကြောင်း သိရသည်။

''ဒီပွဲမှာပြသထားတဲ့  ပန်းချီကားတွေက လက်ရာမြောက်တာကြောင့်   လာရောက် ကြည့်ရှုသူ တွေအနေနဲ့   ဗဟုသုတများစွာနဲ့ စိတ်ခံစားမှုတွေရရှိမှာပါ'' ဟု  ပန်းချီဆရာ ဝဏ္ဏအောင် ကပြောသည်။

လူငယ်ပန်းချီဆရာများအနေဖြင့် နောက် ပိုင်းတွင်လည်း    ယခုကဲ့သို့ပူးပေါင်းပြီး   ပန်းချီပြပွဲ များကို ရန်ကုန်မြို့၌ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။     

သီရိ

Read 573 times Last modified on Sunday, 06 August 2017 09:14