SJ WorldNews - шаблон joomla Авто

ကျောင်းကားအဖြစ်ပြေးဆွဲနေသော Light Truck ယာဉ်အားလုံး ရပ်ဆိုင်းမည့်ရက် အတိ အကျကို ယာဉ်ပိုင်ရှင်များသိရှိလို

Sunday, 06 August 2017 09:14 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

ရန်ကုန်မြို့၌ ကျောင်းကားအဖြစ်ပြေးဆွဲနေသော Light Truck ယာဉ်များ ယခုလအတွင်း   ပြေးဆွဲခွင့်ရပ်ဆိုင်းမည်ဟုပြောကြားချက်ကို ရက်အတိအကျကြေညာပေးစေလိုကြောင်း ယာဉ် ပိုင်ရှင်များက  ပြော သည်။

ကျောင်းကားစနစ်သစ်တွင် ပြေးဆွဲရမည့် ယာဉ်အားလုံးကို အဝါရောင်အဖြစ်သတ်မှတ်၍ School Bus စာတန်းများကို ယာဉ်၏အရှေ့ဘက်နှင့်    အနောက်ဘက်တို့တွင်ကပ်ရမည်ဖြစ်သည်။

ထို့ပြင်  ယာဉ်အသစ်များ  အစားထိုး ပြောင်းလဲပြေးဆွဲမည်ဖြစ်ရာ  ယာဉ်ပိုင်ရှင်များအနေဖြင့်   ပြေးဆွဲခွင့်ရပ်ဆိုင်းမည့် Light  Truck  ယာဉ်များကိုရောင်းချ၍   ယာဉ်အသစ်   ပြောင်းလဲဝယ်ယူရမည်ဖြစ်သည့်အတွက်  ရက်အတိအကျသိရှိမှသာ လုပ်ဆောင်နိုင်မည်ဖြစ်၍ ရပ်ဆိုင်း မည့်ရက် အတိအကျကို သိရှိလိုကြခြင်းဖြစ်သည်။

လက်ရှိပြေးဆွဲနေသော ကျောင်းကားများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏     သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက  ကျောင်းကားစနစ်သစ်တွင်   ပါဝင်ပြေးဆွဲ ခွင့်ပြုမည်ဖြစ်သည်။ သတ်မှတ်ချက်များတွင်  ထုတ်ပြန်ပေး ထားသည့်အချက်  (၁၂) ချက်ရှိပြီး   လိုက်နာဆောင်ရွက်မည်ဆိုပါက  ဖျက်သိမ်းရန်မလိုအပ်ကြောင်း သိရသည်။

သတ်မှတ်ချက်တွင် ကျောင်းသားဦးရေ  ၁ဝ ဦးသာတင်ဆောင်ရမည်၊   အတက်အဆင်း နှစ်ပေါက်ပါရှိရမည်၊  ယာဉ်မောင်း လိုင်စင်(ဃ) ရှိရမည်  စသည့်သတ်မှတ်ချက်များလည်း ပါဝင်သည်။  ကျောင်းကားစနစ်တွင် ဟွန်ဒိုင်းကုမ္ပဏီမှ  Mini Bus အသစ် အစီးရေ  ၂ဝဝ  ကို ဒီဇင်ဘာလမကုန်မီ အခြေခံပညာကျောင်း  ၂၂  ကျောင်း၌ ပြေးဆွဲရန်   စီစဉ်ထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းကားလုပ်ငန်းနှင့်ပတ်သက်၍ Golden Hand အမည်ဖြင့်  ကုမ္ပဏီတစ်ခုတည်ထောင်ပြီး   ကျောင်းကားစနစ်အတွင်း   ပါဝင်ပြေးဆွဲသောယာဉ်များ   လုံခြုံမှုရှိစေရန် အလုံလမ်းရှိ   ထိန်းချုပ်ရေးစင်တာမှ   စောင့်ကြည့်ထိန်း သိမ်းမည်ဖြစ်ကြောင်း သိရသည်။               

စိုးမိုး

Read 533 times Last modified on Sunday, 06 August 2017 09:16