SJ WorldNews - шаблон joomla Авто

YBS ခရီးသည်တင်ယာဉ်များ၏ ကြံ့ခိုင်မှုအပိုင်းကို ယာဉ်လိုင်းဂိတ်များတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမည်

Sunday, 06 August 2017 09:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   

 YBS ခရီးသည်တင်ယာဉ်များ၏ ကြံ့ခိုင်မှုအပိုင်းကို    ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး  ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ယာဉ်လိုင်းဂိတ်များတွင်   ရှောင်တခင် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယခင်‌ကလည်း ခရီးသည်တင်ယာဉ်များ၏ ကြံ့ခိုင်မှုအပိုင်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စစ်ဆေးပြီးမှ ယာဉ်မှတ်ပုံတင်သက်တမ်းတိုးခြင်းများ လုပ်ဆောင်နေသော်လည်း ယခုအခါ (YRTA) ကပါ ‌ရှောင်‌တခင်‌စစ်‌‌ဆေး ခြင်းများ ပြုလုပ်‌မည်‌ဖြစ်‌‌သည်။

ထို့ပြင်‌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာသော ခရီးသည်တင်ယာဉ်များကို ထိန်းချုပ် ရေးစင်တာမှ  စောင့်ကြည့်အရေး ယူနိုင်ရန် YBS ယာဉ်အစီးရေ ၃ဝဝဝ တွင် GPS    စနစ်များ  တပ်ဆင်ထားကြောင်း သိရသည်။

''စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေနဲ့ အရှိန်ပြင်းမောင်းတဲ့ကားတွေကို Control Centre ကနေ စောင့်ကြည့်ပြီး သတိပေး အရေးယူတာစလုပ်နေပါပြီ။ အခုဝင်ရောက် လာတဲ့ YBS ကားအသစ်အားလုံးမှာ GPS တပ်ထားပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင် ကပြောသည်။

ရန်ကုန်မြို့၌ပြေးဆွဲနေသည့် YBS ခရီးသည်တင်   ယာဉ်အသစ်များတွင် GPS    စနစ်တပ် ဆင် ထားသည့်အတွက်သတ်မှတ် လမ်းကြောင်းမှ ပြင်ပသို့ထွက်ခွာမောင်းနှင်သော ယာဉ်များနှင့်  ကျော်တက်မောင်းနှင် သောယာဉ်များကို   ထိရောက် စွာအရေးယူ မည်ဖြစ် ကြောင်း သိရသည်။

(၄၄၇)

Read 597 times Last modified on Sunday, 06 August 2017 09:20