SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ် မင်းခမောင်း ကျေးရွာရှိ ဒေသခံ တိုင်းရင်းသားများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့

Wednesday, 06 September 2017 10:21 font size decrease font size decrease font size increase font size increase font size

စစ်တွေ  စက်တင်ဘာ 

သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် ဒေသခံ တိုင်းရင်းသားများအတွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ် လှူဒါန်းသည့် စားနပ်ရိက္ခာများအား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင်   မောင်တောမြို့နယ် မင်းခမောင်းကျေးရွာသို့ ရဟတ်ယာဉ်ဖြင့်   သွားရောက်ထောက်ပံ့ လှူဒါန်းကြသည်။

ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  မင်းခမောင်းကျေးရွာသို့ ညနေ ၃ နာရီတွင် ရောက်ရှိကြပြီး ဒေသတွင်းရှိ တိမ်းရှောင်နေသူများ အတွက်  အာလူး နှစ်အိတ်၊ ကြက်သွန်တစ်အိတ်၊  ငရုတ်သီးခြောက် တစ်အိတ်၊ တစ်လီတာဝင် စားသုံးဆီ ၉၆ ဘူး၊ ငါးသေတ္တာ ၉၆ ဘူး၊ ဆား နှစ်အိတ်၊  ဖိနပ် နှစ်အိတ်နှင့် ဆိုလာမီးအိမ်  တစ်ဖာတို့ကို သွားရောက်ထောက်ပံ့ လှူဒါန်းပြီး ဒေသခံ တိုင်းရင်းသားများအား  တွေ့ဆုံအားပေးစကား ပြောကြားသည်။

အဆိုပါခရီးစဉ်တွင်  ပညာရေးဝန်ထမ်း ဆရာမ တစ်ဦး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီး ဝန်ထမ်းလေးဦးနှင့် ကလေးငယ်တစ်ဦး စုစုပေါင်းခြောက်ဦးကို မင်းခမောင်း ကျေးရွာမှ စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် လာကြောင်း သိရသည်။

Read 324 times Last modified on Wednesday, 06 September 2017 10:21