SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် အတွင်းရှိ ယာယီနေရပ် စွန့်ခွာ ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

Wednesday, 06 September 2017 10:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ 

ရခိုင်ပြည်နယ်အတွင်း   လတ်တလော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့်   ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် လိုအပ်သည့် ဖြည့်ဆည်းမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏    ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ယခုဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် ပြည်သူများ ထိခိုက်ပျက်စီးခြင်းနှင့် ပတ်သက်၍ ကယ်ဆယ်ရေး လုပ်ငန်းများကို  ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ဆောင် ရွက်နေပြီဖြစ်ကြောင်း၊ ဆက်လက်၍ ကယ်ဆယ်ရေး လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်  ယခုအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေနှင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြကြသည်။

အစည်းအဝေးတွင် စာရင်းဇယား မှန်ကန်စွာရရှိရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအား ရွေ့လျားအဖွဲ့များ စခန်းအခြေပြု ဆေးခန်းများဖြင့် ဆောင်ရွက်ရေး၊ ယာယီခိုလှုံရာ စခန်းများအနီးရှိ ကျောင်းများတွင် ပညာဆက်လက် သင်ကြားနိုင်ရေး၊ အရေးပေါ် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးများ အမြန်ပြုပြင် ဆောင်ရွက်ပေးရေး၊ ဒေသတည်ငြိမ်ချိန်တွင် အမြန်ပြန်လည် ထူထောင်ရေး အတွက် လိုအပ်သော စက်ယာဉ်၊ ယန္တရားများ ရရှိစေရေး၊ ယာယီဆေးခန်းများ၊ စာသင်ကျောင်းများ၊ ရိက္ခာစုပုံစခန်းများ ဆောင်ရွက်နိုင်ရေး၊ ဘေးသင့်ပြည်သူများ၏ မိသားစုများ ပေါင်းစည်းရေးနှစ်သိမ့်ဆွေးနွေးမှုများ၊ ထောက်ပံ့ရေးနှင့်  စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ထိခိုက်ပျက်စီးမှု အတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး စသည့် အချက်တို့ကို ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိ သည်။

Read 345 times Last modified on Wednesday, 06 September 2017 10:35