SJ WorldNews - шаблон joomla Авто

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းရယူနိုင်ရန် ပြည်တွင်း ပြည်ပ မီဒီယာများ ပါဝင်သော သတင်းအဖွဲ့ မောင်တောဒေသသို့ ထပ်မံသွားရောက်မည်

Wednesday, 06 September 2017 10:48 font size decrease font size decrease font size increase font size increase font size

စစ်တွေ  စက်တင်ဘာ  

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သတင်းရယူနိုင်ရန် ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည်  ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်ကြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သည့် ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ မောင်တောဒေသသို့ သွားရောက် သတင်းရယူကြမည်ဖြစ်သည်။

အဆိုပါအဖွဲ့တွင် အေပီ၊ အန်အိတ်ခ်ျကေ၊ ဘီဘီစီ၊ တီဘီအက်စ်၊  အာရ်အက်ဖ်အေ၊အီးပီအေ၊ ဆွစ်တီဗွီ၊ အယ်လ်ဂျာဇီးယား၊ စီအန်အေ၊ မဇ္ဈိမ၊ မြန်မာတိုင်းမ်၊ စီအန်ဘီ၊ ဆဲဗင်းဒေးနှင့် အမ်ဒီအန်စသည်တို့မှ သတင်းထောက် ၂၁ ဦး ပါဝင်ကြောင်းသိရသည်။

ပြည်တွင်းပြည်ပ သတင်းထောက်များ ပါဝင်သည့် သတင်းအဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ပထမအကြိမ်၊ ၂ဝ၁၇ ခုနှစ် မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ဒုတိယအကြိမ်၊  ဇူလိုင်  ၁၂ ရက်မှ  ၁၆ ရက် အထိ တတိယအကြိမ်၊ သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ စတုတ္ထအကြိမ်နှင့် ယခုအကြိမ်သည်    ပဉ္စမအကြိမ်မြောက် သတင်းရယူခြင်း ဖြစ်ပြီး သြဂုတ် ၂၅ ရက် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုအပြီး ဒုတိယအကြိမ် နယ်မြေကွင်းဆင်း သတင်းရယူသည့် အဖွဲ့လည်းဖြစ်သည်။

Read 361 times Last modified on Wednesday, 06 September 2017 10:49