SJ WorldNews - шаблон joomla Авто

မောင်တောဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဖော်ဆောင်ရန် မှာကြား၊ ဒေသခံ တိုင်းရင်းသားများ အတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ ဆက်လက် ထောက်ပံ့

Wednesday, 06 September 2017 11:02 font size decrease font size decrease font size increase font size increase font size

စစ်တွေ    စက်တင်ဘာ  

မောင်တောဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အချိန်နှင့်တစ်ပြေးညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မိမိတို့ပြည်နယ် အစိုးရအနေဖြင့် မောင်တောခရိုင်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်  ဒေသပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများ  စားနပ်ရိက္ခာအတွက် အချိန်နှင့်တစ်ပြေးညီ လိုက်လံကူညီ ထောက်ပံ့ပေးလျက် ရှိသောကြောင့်  ပူပင်ကြောင့်ကြမှုရှိရန် မလိုတော့ကြောင်း၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်မှု အမြန်ဆုံး ကောင်းမွန်စေရေးကို အားလုံးပူးပေါင်း ဆောင်ရွက်နိုင်ရန် မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် မောင်တောခရိုင်အတွင်းရှိ  ဌာနဆိုင်ရာ တာဝန်ရှိသူများက လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ကဏ္ဍအလိုက် တင်ပြကြသည်။

ထို့နောက်  ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန္ဓုလ၊ အောင်သပြေနှင့် မင်းခမောင်းကျေးရွာတို့သို့  စားနပ်ရိက္ခာ၊ အသုံးအဆောင် ပစ္စည်းများနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ အထောက်အကူပြု ဆေးဝါးပစ္စည်းများကို တပ်မတော် ရဟတ်ယာဉ်ဖြင့် သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Read 352 times Last modified on Wednesday, 06 September 2017 11:03