SJ WorldNews - шаблон joomla Авто

စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် စပါးစိုက်ခင်း ဧက ၂၃ဝဝ ကျော်ရေဝင်နစ်မြုပ်၊ အိမ်ထောင်စုရှစ်စု အရေးပေါ် ရွှေ့ပြောင်းခဲ့ရ

Wednesday, 06 September 2017 11:05 font size decrease font size decrease font size increase font size increase font size

ရေတာရှည်   စက်တင်ဘာ  

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် စက်တင်ဘာ ၄ ရက် ညနေပိုင်းအထိ စပါးစိုက်ဧက ၂၃ဝဝ ကျော် နစ်မြုပ်လျက်ရှိပြီး ကျွဲရိုင်းပြင်ကျေးရွာတွင် အိမ်ထောင်စုရှစ်စုတို့အား ရေလွတ်သည့်နေရာသို့  အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း ကျွဲရိုင်းပြင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထံမှ သိရသည်။

''မြစ်နဲ့နီးတဲ့အိမ်တွေမှာ နေထိုင်ကြသူတွေကို ဆွေမျိုးတွေအိမ်ကို မနေ့က ရွှေ့ပြောင်း ပေးလိုက်ရတယ်။ နယ်မြေခံ တပ်မတော်သားတွေနဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေက ထမင်းထုပ်တွေနဲ့ ရေသန့်ဘူးတွေကို မနေ့က လာရောက်ပေးပို့ ခဲ့ပါတယ်''ဟု ဦးဝင်းအောင်က ဆက်လက်ပြောသည်။

စစ်တောင်းမြစ်ရေသည် စက်တင်ဘာ ၃ ရက် ညနေပိုင်းအထိ ၆၂၇ စင်တီမီတာအထိမြင့်တက်ခဲ့ပြီး တောင်ငူမြို့၏ စိုးရိမ်ရေမှတ်  ၆ဝဝ  စင်တီမီတာအထက်တွင်ဆက်လက် တည်ရှိနေသည်ကို တွေ့ရသည်။

စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ဒိုးတန်း၊ မိချောင်းအိုင်၊ ဝဲဒေါင့်၊ ဆင်ဂွေ၊ ကဲလင်းဆိပ်၊ ကွမ်းအုံ၊ ကျွဲရိုင်းပြင်၊ ကြာအင်းကုန်း၊ ကက္ကူကျေးရွာအုပ်စုတို့တွင် စပါးစိုက်ခင်း ၂၃၉၉ ဧက နစ်မြုပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။  

Read 281 times Last modified on Wednesday, 06 September 2017 11:06