SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တိုင်းဒေသကြီး/ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအားဂုဏ်ပြု

Thursday, 07 September 2017 09:12 font size decrease font size decrease font size increase font size increase font size

ပဲခူး စက်တင်ဘာ ၆

၂ဝ၁၇ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ တိုင်းဒေသကြီး/ပြည်နယ် အသက် ၁၅ နှစ်အောက် အမျိုး သားဘောလုံးပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့သည့်   အားကစားသမားများအား

ပဲခူးတိုင်းဒေ သကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်း ပသည်။ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဂုဏ်ပြုအမှာ စကားပြောကြားပြီး ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာချိုက ပြိုင်ပွဲနှင့် ပတ်သက်သည့်အခြေအနေအတွေ့အကြုံများကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဆုရရှိခဲ့သည့်အားကစားသမား ၁၈ ဦးကို ဝန်ကြီးချုပ်ဦးဝင်းသိန်းက  ဂုဏ်ပြု ဆုငွေကျပ် ၁၈ သိန်းကိုပေးအပ်ပြီး  စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင် လွင်က    အုပ်ချုပ်/နည်းပြဆရာ၊ ဆရာမ ခြောက်ဦးကို ချီးမြှင့်ငွေကျပ် ခြောက် သိန်းပေး အပ် သည်။ယင်းနောက်ဆုရအားကစားသမားများကိုယ်စားရှေ့တန်းအကောင်းဆုံးဆုရရှိသူ မောင် ချမ်းမြေ့ဇော်က   ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး   အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုင်း က အား ကစားပစ္စည်းဘောလုံးများပေးအပ်သည်။

၂ဝ၁၇ ခုနှစ်အခြေခံပညာကျောင်းပေါင်းစုံတိုင်းဒေသကြီး/ပြည်နယ် အသက် ၁၅ နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌   ကျင်းပရာ မွန်ပြည်နယ်မှ ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးနှင့်  ကရင်ပြည်နယ်တို့မှ ပူးတွဲ တတိယရ ရှိကြောင်း သိရသည်။                         

Read 280 times Last modified on Thursday, 07 September 2017 09:13