SJ WorldNews - шаблон joomla Авто

နေရပ်စွန့်ခွာ ဒေသခံ တိုင်းရင်းသားများ အတွက် ငွေကျပ်သိန်း ၈ဝဝကျော်၊ ဆန်အိတ် ၆ဝဝနှင့် အသုံး အဆောင် ပစ္စည်းများ လှူဒါန်း

Thursday, 07 September 2017 09:19 font size decrease font size decrease font size increase font size increase font size

စစ်တွေ   စက်တင်ဘာ 

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ  ဒေသခံ တိုင်းရင်း သားများအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့ထံ အလှူရှင်များက ငွေကျပ်သိန်း ၈ဝဝ ကျော်၊ ဆန်အိတ် ၆ဝဝ နှင့် အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက် ၁ဝနာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး  အစည်းအဝေး ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်က ငွေကျပ် ၅၂၈ သိန်းနှင့် လုံချည် ၃၃ ထည်၊ မြန်မာနိုင်ငံ ကျောက်ဖြူ အထူး စီးပွားရေးဇုန် အများပိုင် ကုမ္ပဏီက ငွေကျပ်သိန်း ၂ဝဝ၊ May Yu Shopping Complex တည်ဆောက်ရေးက ငွေကျပ်သိန်း ၅ဝ၊ Fortune International Limited က ဆန်အိတ် ၃ဝဝ၊ Concordia International Co.,Ltd. က ဆန်အိတ် ၁ဝဝ၊ Dagon International Limited က ဆန်အိတ် ၁ဝဝ နှင့် အင်းပေါက် ကုမ္ပဏီက ဆန်အိတ် ၁ဝဝ၊ Golden Hawks International Co.,Ltd.က ငွေကျပ်သိန်း ၂ဝ၊ ဦးအောင်ဇော်နိုင်က ငွေကျပ် ၁ဝ သိန်း၊ ဒေါ်မြတ်ချိုဝင်း၊ AungGyi Trading Co.,Ltd. မိုးထက်ကမ္ဘာ ကုမ္ပဏီလီမိတက်နှင့် ပြည့်ဖြိုးထွန်း ကုမ္ပဏီလီမိတက်တို့က ငွေကျပ် ငါးသိန်းစီနှင့် TheikdiHtet Trading Co., Ltd. က အဝတ်အထည် ၂ဝဝ တို့ကို ထောက်ပံ့ကူညီ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 359 times Last modified on Thursday, 07 September 2017 09:20