SJ WorldNews - шаблон joomla Авто

တော်သလင်း လပြည့်နေ့တွင် ရွာငံမြို့နယ်ရှိ အထင်ကရနေရာများသို့ လာရောက် လည်ပတ်သူ များပြား

Thursday, 07 September 2017 09:20 font size decrease font size decrease font size increase font size increase font size

 

ရွာငံ  စက်တင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ အထင်ကရ နေရာများကို  စက်တင်ဘာ ၅ ရက်(တော်သလင်းလပြည့်နေ့)က ရပ်ဝေးရပ်နီးမှ ဧည့်သည်များ လာရောက်လည်ပတ်မှုမှာ ယခင်ရက်များထက် ပိုမိုးများပြားသည်။

အဆိုပါ ရွာငံမြို့နယ်၏ လေ့လာလည်ပတ်စရာ နေရာများဖြစ်သော မိန်းမရဲသခင်မတောင်ပေါ်ဘုရား၊ တောကျယ်ကျေးရွာရှိ သဘာဝ ရေပြာကန်နှင့်ရေတံခွန်၊   အလယ်ချောင် ကျေးရွာရှိ ရေတံခွန်များသို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များသည် တော်သလင်း လပြည့်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ လာရောက်လေ့လာ လည်ပတ်ကြကြောင်း သိရသည်။

ထိုသို့လည်ပတ်သူများထဲတွင်   ရန်ကုန်မြို့မှ  လာရောက်လည်ပတ်သူ   အသက် ၈၆ နှစ်အရွယ် အဘွားက ''ဒီခရီးစဉ်ကိုလာရတာ စိတ်ချမ်းသာပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)က ဖူးခွင့်ရခဲ့တဲ့ လိုဏ်ဂူ ဘုရားတွေနဲ့ အခြားအထင်ကရ ဘုရားတွေ၊ စိုက်ပျိုးရေး ဒေသဖြစ်တာနဲ့အညီ  ပေါများလှတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊ တောရိပ်၊ တောင်ရိပ်တွေနဲ့ လေကောင်းလေသန့် ရရှိစေတဲ့ သစ်တော သစ်ပင်တွေကြောင့်လည်း ကျန်းမာရွှင်လန်းပြီး  ပိုကျန်းမာလာသလို ခံစားရပါတယ်''ဟု ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည်   ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်အစရှိသော တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြကာ လပြည့်၊ လကွယ်  ဥပုသ်နေ့များတွင် လုပ်ငန်းခွင်ရပ်နားကာ ဘုရားသွားကျောင်းတက်၍ ကုသိုလ်ဒါန ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Read 308 times Last modified on Thursday, 07 September 2017 09:21