SJ WorldNews - шаблон joomla Авто

ရွှေဘို- မြစ်ကြီးနားမြို့တွင်း လမ်းပိုင်း နိုင်လွန်ကတ္တရာ လမ်းခင်းကျင်း

Thursday, 07 September 2017 09:51 font size decrease font size decrease font size increase font size increase font size

ရွှေဘို  စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို- မြစ်ကြီးနား မဟာဗျူဟာလမ်းမှ ရွှေဘိုမြို့တွင်းလမ်းပိုင်း နိုင်လွန်ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းကို ခရိုင်လမ်းဦးစီးဌာနက  ငွေကျပ်သန်း ၅၅ဝ ဖြင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုကို ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး၊ ခရိုင်လမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးနေရဲလင်းနှင့် တာဝန်ရှိသူ တို့က ယမန်နေ့ နံနက် ၁၁ နာရီက ကွင်း ဆင်း စစ်ဆေး ကြသည်။

ရွှေဘို- မြစ်ကြီးနားမြို့တွင်းလမ်း ၁ ဒသမ ၈ ကီလိုမီတာမှ ၃ ဒသမ ၂ ကီလိုမီတာအထိ ကို အကျယ် ၄၈ ပေ နိုင်လွန် ကတ္တရာလမ်း ခင်းကျင်းပြီး တစ်ဖက်လျှင် အကျယ် ၃ပေ ကွန်ကရစ်လမ်း ပခုံးပြုလုပ်ခြင်း၊ သံကူ ကွန်ကရစ် တံတား တည်ဆောက်ခြင်းနှင့် ကျောက်ရိုးစီ မြေကာနံရံပြုလုပ်သွားမည် ဖြစ်ကြောင်း ခရိုင်လမ်းဦးစီး ဌာနမှ  သိရသည်။

ခင်ဦးစိုးဝေ

Read 313 times Last modified on Thursday, 07 September 2017 09:53