SJ WorldNews - шаблон joomla Авто

အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်

Thursday, 07 September 2017 09:59 font size decrease font size decrease font size increase font size increase font size

မြင်းမူ  စက်တင်ဘာ ၆

အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ   အခြေခံပညာ အလယ်တန်းကျောင်း အဆင့်   တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်  မြင်းမူမြို့နယ် မဲနောကျေးရွာရှိ အဆိုပါကျောင်း၌ ယမန်နေ့က ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းမြင့်၊   မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင် ဦးအောင်မြင့်၊ မြို့နယ် ပညာရေးမှူး ဦးမြင့်ဆောင်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းဇော်တို့က အလယ်တန်းကျောင်း ဆိုင်းဘုတ်ကို   ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက ပညာသင်ကြားရေး အတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့ အားပေးနေမှုများနှင့် ပတ်သက်၍   လည်းကောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးသိန်းနွယ်က ပညာရေး ဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အလှူရှင်များအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းဇော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ကျေးရွာသူကျေးရွာသားများ ကိုယ်စား ရပ်မိရပ်ဖ ဦးကျော်ရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

Read 322 times Last modified on Thursday, 07 September 2017 10:00