SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဆိုင်ကယ်ပြင် သင်တန်း ဖွင့်လှစ် သင်ကြား

Thursday, 07 September 2017 10:43 font size decrease font size decrease font size increase font size increase font size

လွိုင်ကော် စက်တင်ဘာ ၆

ကယားပြည်နယ် လွိုင်ကော်မြို့ တီးလုံကျေးရွာအုပ်စု ဒေါစဲကျေးရွာရှိ ကြယ်စင်သစ် ခန်း မဆောင်၌ ယမန်နေ့ နံနက် ၉ နာရီခွဲကဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ ကျင်းပသည်။

ဖွင့်ပွဲတွင် လွိုင်ကော် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဟန် မြင့်ထွန်းက အဖွင့် အမှာ စကားပြောကြားသည်။

ဆက်လက်၍ လွိုင်ကော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ် အိအိခင်က သင်တန်းနှင့် ပတ်သက်သည်များနှင့် နောင်တွင်လည်း မိမိတို့ကျေးရွာများ အတွက်  အမှန် တကယ်လိုအပ်သည့် နည်းပညာသင်တန်းများ သင်ယူလိုစိတ်ရှိပါကလည်း တင်ပြနိုင် ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြက သင်တန်းတွင် မိမိ တတ်ထား သည့် ဆိုင်ကယ်ပြင်နည်း ကို ကျေးရွာရှိ သင်တန်းသားများ အားလုံး ကျွမ်းကျွမ်း ကျင်ကျင်တတ် မြောက်အောင် သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ကျေးရွာရှိ ပြုပြင်လိုသည့် ဆိုင်ကယ်များကို သင်တန်းသားများနှင့် အတူ လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ဦး ရေ ၂၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ၁ဝ ရက်ဖြစ် ကြောင်း သိရသည်။     

Read 429 times Last modified on Thursday, 07 September 2017 10:45