SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကယားပြည်နယ်အတွင်း ကျေးရွာမီးလင်းရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်

Thursday, 07 September 2017 10:48 font size decrease font size decrease font size increase font size increase font size

လွိုင်ကော် စက်တင်ဘာ ၆

ကယားပြည်နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာ မီးလင်း ရေး လုပ်ငန်းများကို 

နိုင်ငံတော်က နည်းလမ်းအသွယ်သွယ်ဖြင့်  တိုးချဲ့ဆောင် ရွက်ပေး လျက ရှိ ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။ကျေးရွာမီးလင်းရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မဟာ ဓာတ်အားလိုင်းစနစ်ကို အသုံး ပြု၍ လည်းကောင်း၊ ဒီဇယ်အင်ဂျင်စက်ဖြင့်လည်းကောင်း၊ အသေးစားရေအားလျှပ်စစ် ဖြင့်လည်း ကောင်း၊ ဆိုလာဖြင့်လည်းကောင်းဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် မြို့နယ်အလိုက်ကျေးရွာများကို မဟာဓာတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ် ဓာတ် အားဖြန့်ဖြူးနိုင်မှုအခြေအနေမှာ လွိုင်ကော်မြို့နယ်အတွင်း ကျေးရွာပေါင်း၁၂၃ ရွာရှိ သည့်အနက် ကျေးရွာ ၁ဝ၇ ရွာ၊ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာပေါင်း ၁၆၅ ရွာအနက် ကျေး ရွာ ၁၃၃ ရွာ၊ ဖရူဆိုမြို့နယ်ရှိကျေးရွာပေါင်း ၁၁၄ ရွာအနက် ကျေးရွာ ၆၅ရွာ၊ ရှား တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၂ဝ အနက် ကျေးရွာ ၁၁ ရွာ၊ ဘောလခဲမြို့နယ်တွင် ကျေးရွာ ပေါင်း ၁၇ ရွာရှိရာ ကျေးရွာအားလုံးကိုလည်းကောင်း၊ ဖားဆောင်းမြို့နယ်ရှိ ကျေးရွာ ၅၅ ရွာ အနက် ကျေးရွာ ၁၅ရွာ၊ မယ်စဲ့မြို့နယ်ရှိ ကျေးရွာ ၁၂ ရွာအနက် ကျေးရွာ ကိုးရွာ တို့ကိုလည်းကောင်း  မဟာဓာတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလျက်ရှိသည်။

ကယားပြည်နယ် အတွင်း မဟာဓာတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင်ခြင်း မရှိသေးသည့် ကျေးရွာများအနက်လွိုင်ကော်မြို့နယ်တွင် အသေးစားရေအားလျှပ်စစ်ဖြင့် ကျေးရွာ တစ်ရွာနှင့် ဆိုလာဖြင့်ကိုးရွာ၊ ဒီးမော့ဆိုမြို့နယ်တွင် ဆိုလာဖြင့် ၂၂ရွာနှင့် ဒီဇယ်အင်ဂျင်ဖြင့် နှစ်ရွာ၊ ဖရူဆိုမြို့နယ်တွင် ဆိုလာဖြင့် ကျေးရွာ ၂ဝ၊ ရှားတောမြို့နယ်တွင် ဆို လာဖြင့် သုံးရွာ၊ ဖားဆောင်းမြို့နယ်တွင် ဆိုလာဖြင့် ၃၂ ရွာ၊  မယ်စဲ့မြို့နယ်တွင် ဆိုလာဖြင့် သုံးရွာ တို့ကို ကျေးရွာမီးလင်းရေး     ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

ယခုအခါ ကယားပြည်နယ်အတွင်း ကျေးရွာစုစုပေါင်း ၅ဝ၆ ရွာအနက် မဟာဓာတ်အား လိုင်း စနစ်ဖြင့် ၃၅၇ ရွာ၊ အသေးစားရေအားလျှပ်စစ်ဖြင့် ကျေးရွာ တစ်ရွာ၊ ဆိုလာဖြင့်ကျေးရွာ ၈၉ ရွာနှင့် ဒီ ဇယ်အင်ဂျင်ဖြင့် ကျေးရွာ နှစ်ရွာ စုစုပေါင်းကျေးရွာ ၄၄၈ ရွာတို့ကို ကျေးရွာ မီးလင်းရေးဆောင်ရွက်ထားရှိပြီးဖြစ်ရာ ကျန်ရှိသည့်ကျေးရွာ ၅၈ ရွာကိုလည်း မီးလင်းရေး ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Read 305 times