SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကျန်းမာရေးစောင့် ရှောက်မှု အားနည်းသော ဒေသများကို ကုသရေး လမ်းညွှန်ချက်များ ပေး အပ် နိုင်ရေး တယ်လီမယ်ဒီစင်မှ ဝန်ဆောင်မှုပေးရန်စီစဉ်

Thursday, 07 September 2017 12:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၆

ကျန်းမာရေး စောင့်ရှောက်မှုများကို အကန့် အသတ်ဖြင့်သာရရှိသော ဒေသများနှင့် လုံးဝမရ ရှိသော ဒေသများ၌ ရောဂါအခြေအနေနှင့် လိုအပ်သည့်ကုသရေးလမ်း ညွှန်ချက် များကို ပေး အပ်ရန်

လူနာများနှင့်ဆရာဝန်များကြား ချိတ်ဆက်ဆောင်ရွက်ပေးမည့် တယ်လီမယ်ဒီ စင်ဝန် ဆောင်မှုကိုအူရီဒူးမြန်မာနှင့် ဏခေအ တို့ ပူပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လူနာများနှင့် ဆရာဝန်များ၏ဆက်သွယ်ပေးနိုင်မှုကို အဆင်ပြေစေရန်လေ့ကျင့်ပြီးသား ဆေး ပညာ ရှင်များက ရွာအရောက်ကျန်းမာရေးဝန်ဆောင်မှုကို ပေးနိုင်သည့်အူရီဒူး၏ ခေတ်မီ အ ဆင့်မြင့် နည်း ပညာကိုအသုံးပြုဆောင်ရွက်မည်ဖြစ်သည်။

ရွာအရောက် ကျန်းမာရေးဝန်ဆောင်မှုအစီအစဉ်သည် သတ်မှတ်ထားသည့် ကျေးရွာတစ်ခုစီတွင် ခြောက်ပတ်ကြာတစ်ခါကျန်းမာရေးဝန်ဆောင်မှုများကို ပေးမည်ဖြစ်ပြီးအရေးပေါ်ဖြစ်ပါက ရောဂါ အခြေ အနေနှင့်လိုအပ်သည့် ကုသရေးလမ်းညွှန်ချက်များကို ပေးအပ်ရန် လူနာများနှင့် ဆရာ ဝန်များကြား ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုသည် ဒေသခံလူထုအနေဖြင့် ဆရာဝန်များထံမှ ကျန်းမာရေးဆိုင်ရာ အကြံပြု ချက်များကို ရရှိနိုင်ခြင်းနှင့်အဝေးမှ ဖုန်းဖြင့်ထောက်ပံ့ပေးမှုကို လက်ခံရရှိနိုင်ခြင်း၊ အချိန် နှင့် တစ်ပြေးညီ လူနာများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်းတို့ကြောင့် ကုသ၍ ရနိုင်သောအဖျားရောဂါများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီမရရှိနိုင်မှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲရောဂါလက္ခဏာများကို လျှော့ချပေးနိုင်မည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ရွာ အရောက် ကျန်းမာရေး ဝန်ဆောင်မှုများ လိုက်လံ ပေးအပ်နေသည့် ရွေ့လျားဆေးခန်းနှစ်ခုမှ အခြေခံကျန်းမာရေး ဝန်ဆောင်မှု၊ မိခင်နှင့်က လေးစောင့် ရှောက်မှု၊ ကလေးသူငယ်အာဟာရပိုင်း ဖြည့်စွက်မှုအစရှိသည့် ကျန်းမာရေး ဝန်ဆောင် မှုများကို ပေးအပ်နေကြောင်း သိရသည်။

တယ်လီမယ်ဒီစင် ဝန်ဆောင်မှုများကိုကျေးရွာပေါင်း ၁၅ ရွာ၌ အဓိက ဆောင်ရွက်ပေး မည်ဖြစ်ပြီး ယင်းတို့မှာ မတ္တရာမြို့နယ်အတွင်းရှိ အညာကိုင်း၊ ဘိုကြီးကျွန်း၊ကိုးပင်၊ ကြားရွာ၊ မြွေပုသိမ်၊ မြ သီ တာ၊ မြင်စီး၊အေးသာယာ၊ ရှားစေးချက်၊ ဆင်ကျွန်း၊တဲကုန်း၊ အောင်ချမ်းသာ၊ ရေးချောင်း ဘို၊ရွာတန်းရှည်နှင့် ဈေးဟောင်းတို့ဖြစ်သည်။

ရွာအရောက် ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့အနေဖြင့် ကျေးရွာအုပ်စု ၄၈ စုရှိသတ် မှတ်နေ ရာများသို့ လှည့်လည်သွားရောက်ကုသပေးနေသဖြင့် ရွာပေါင်း ၁၁ဝနှင့် လူဦးရေ ၈ဝဝဝဝ အား အခြေ ခံကျန်း မာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ကြောင်းသိရသည်။

Read 287 times Last modified on Thursday, 07 September 2017 12:10