SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(၄၉) ကြိမ်မြောက် အာဆီယံ စီးပွား ရေး ဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့တက်ရောက်

Friday, 08 September 2017 09:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၇

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ၌ စက်တင်ဘာ ၆ရက်မှ ၁၁ ရက်အထိ ကျင်းပလျက်ရှိသည့်(၄၉)ကြိမ်မြောက် အာဆီယံ

စီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် လျက်ရှိ သည်။ပြည်ထောင်စုဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံသမ္မတ H.E.Rodrigo Roa Duterte အားအခြား အာဆီ ယံစီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီ ဝန်ကြီး များ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူး ချုပ်တို့နှင့် အ တူ ယမန်နေ့ညနေပိုင်းက SolaireResort၌ ဂါရဝပြုတွေ့ဆုံသည်။ ထို့နောက် ASEAN Business Awards ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်ယနေ့နံနက်ပိုင်းတွင်ကျင်းပသည့် (၄၉) ကြိမ်မြောက် အာဆီ ယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲ အခမ်း အနား သို့တက်ရောက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်(၃၁) ကြိမ်မြောက် အာဆီယံလွတ်လပ်သော ကုန် သွယ် မှုဒေသကောင်စီ အစည်းအဝေး၊(၂ဝ) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသ ကောင် စီအစည်းအဝေး၊ အာဆီယံစီးပွားရေးဝန်ကြီးများ အလုပ်သဘော နေ့လယ်စာစားပွဲနှင့် (၄၉) ကြိမ် မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက်သည်။

(၃၁)ကြိမ်မြောက် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေး၌ ဝန်ကြီးများ က အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှု တွင် အချိန်ကာလအတန်ကြာ ဖြေရှင်းရန်ကြန့်ကြာနေသောကိစ္စရပ်များနှင့် စပ်လျဉ်း၍ နောက် တစ်ကြိမ်ကျင်းပမည့်အစည်းအဝေး၌ တိုးတက်မှုသဘောဆောင်သည့် ရလဒ်များ တင်ပြနိုင် ရေး အတွက် တိုက်တွန်းပြီးအကောက်ခွန်မဟုတ်သည့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ ဖယ်ရှားရေး အတွက်အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများကိုတာဝန်ပေးသည်(၂ဝ) ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ အစည်းအဝေးတွင်အာဆီယံ ရင်းနှီးမြှုပ် နှံမှု လွယ်ကူချောမွေ့စေရေးအတွက် ဦးစားပေးဆောင်ရွက်ရန် ကိစ္စ ရပ်များ ကိုဆွေးနွေးပြီး အာဆီယံ ဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအပေါ်မှတ်တမ်းတင်၍ ရည်မှန်းထားသည့် အချိန် ကာလ အတွင်း အကောင် အ ထည်ဖော်ဆောင် ရွက်နိုင်ရေးကို တိုက်တွန်းသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့ စေရေးအတွက် ကမ္ဘာတစ်ဝန်းရှိရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလေ့လာ၍ adaptable ဖြစ်သော ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ရှာဖွေဖော်ထုတ်ရန်၊ ထိုမှတစ်ဆင့် ခိုင်မာသည့် မူဝါ ဒများနှင့်မဟာဗျူဟာများချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းဆွေးနွေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပသည့်(၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်း အဝေး၌ ၂ဝ၁၇ ခုနှစ်အတွင်းဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသည့် အာဆီ ယံစီးပွားရေး အသိုက်အဝန်း မဏ္ဍိုင်ဆိုင်ရာလုပ်ငန်းစဉ်များ၏ အကောင်အထည် ဖော်မှုအခြေ အနေများအပေါ် မှတ်တမ်းတင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ အတွက် သက် ဆိုင် ရာလုပ်ငန်းအဖွဲ့များအနေဖြင့် အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်ရန် ဝန်ကြီးများကတိုက် တွန်းခဲ့သည်။

ထို့နောက် စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ဆက်လက်ကျင်းပမည့် အာဆီယံနှင့်၎င်း၏ လွတ်လပ် သောကုန်သွယ်မှုဒေသအကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံများနှင့် ဆွေးနွေး ဖက်နိုင်ငံများဖြစ်သည့် ဂျပန်၊ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ဟောင်ကောင်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့်အမေရိကန်တို့အကြား ညှိနှိုင်းအစည်းအဝေးများတွင် ဆွေးနွေးမည့် အကြောင်း အရာများနှင့်စပ်လျဉ်းပြီး ကြိုတင်ညှိနှိုင်းခဲ့ကြသည်။

(၄၉) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ် အစည်း အဝေးများအတွက် ကြိုတင်ညှိနှိုင်းသည့် အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိများ အစည်းအဝေးကို စက် တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်

Read 193 times Last modified on Friday, 08 September 2017 09:18