SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့် ဆိုင် ဆွေးနွေး

Friday, 08 September 2017 09:26 font size decrease font size decrease font size increase font size increase font size

ပဲခူး စက်တင်ဘာ ၇

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံး ပွင့်ဆိုင် ဆွေးနွေးပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တော်ခန်းမ၌ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပသည်။

ရှေးဦးစွာ အခကြေးငွေသတ်မှတ်နိုင်ရေးဆိုင်ရာ ပဲခူးတိုင်းဒေသကြီးကော်မတီဥက္ကဋ္ဌ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍အလုပ်သမား ၁၅ ဦး ထက် ရှိသောအလုပ်ရုံများ၌ လုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆ဝဝ သတ်မှတ်ခဲ့သည်မှာ ၂ဝ၁၇ ခုနှစ်တွင် နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင် ရေး အတွက် ကော် မတီဖွဲ့ စည်းထားပြီး သက်ဆိုင်ရာမြို့နယ်များအလိုက်တက်ရောက်လာသည့် အလုပ် ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့၏ အနည်းဆုံးအ ခကြေးငွေ အဆိုပြု နှုန်းထား အကြံပြု ချက်များကို အလေးအနက်ထား၍ ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် အလုပ် သမားကိုယ်စားလှယ်များက တစ်နေ့အလုပ်ချိန် ၈ နာရီသတ်မှတ်ပြီး လုပ်အားခ ငွေကျပ် ၅ဝဝဝ သတ်မှတ်ပေးရန် စက်ရုံ၊ အလုပ်ရုံများသာ မက လယ်ယာလုပ်ကိုင် သူများပါ သတ်မှတ်သင့်ကြောင်း၊လုပ်ခနည်းသည့်အတွက် ပြည်ပထွက်အလုပ် လုပ်နေရ ကြောင်းတင်ပြကြပြီး လုပ်ငန်းရှင်ကိုယ်စားလှယ်များက ကုန်ကြမ်းရှာဖွေရခြင်း၊ ပို့ကုန်၊ သွင်း ကုန်များ အချိန်ကြာ တတ်သဖြင့် ခက်ခဲကြောင်း၊ ပစ္စည်းများသိုလှောင်ထားရခြင်း၊ ပြိုင်ဆိုင်မှု များခြင်း၊ ရန်ကုန်လို အချက်အချာကျသောနေရာနှင့် အခြားဒေသလုပ်ခ လစာမတူ ညီနိုင် ကြောင်း၊ တူညီမည် ဆိုပါ က ကုန်ကြမ်း ရှာဖွေ သယ်ဆောင်ရ လွယ်သော နေရာများတွင်သာ လုပ်ကိုင်လိုကြောင်း ဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ် ကျွမ်းကျင် ပညာရှင် ဒေါက်တာ ဇော်ဦးက ပြန်လည် သုံးသပ် ဆွေးနွေးကြောင်း သတင်းရရှိသည်။

Read 219 times Last modified on Friday, 08 September 2017 09:30