SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဘက်စုံပိုးမွှားကာကွယ်နည်းစနစ်နှင့် မျိုးစေ့ထုတ်စပါးမျိုးကွဲနုတ်ပယ်ခြင်းသရုပ်ပြသ

Friday, 08 September 2017 10:40 font size decrease font size decrease font size increase font size increase font size

ဘားအံ စက်တင်ဘာ ၇

ကရင်ပြည်နယ် ဘားအံခရိုင် တစ်ခရိုင်တစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး မြိုင်ကလေး စံပြကျေး ရွာ ဆင်းသုခ RS toCS မျိုးစေ့ထုတ် ဧက ၂ဝ စိုက်ခင်းနှင့် ဆင်းသုခ စပါးမျိုး စိုက် နည်းစနစ်

(SRI)စိုက်ခင်းများတွင်   ယမန်နေ့နံနက် ၇  နာရီခွဲက  ပြည်နယ်စိုက် ပျိုးရေး ဦးစီး ဌာ နမှ ကြီးမှူး၍ဘက်စုံပိုးမွှားကာကွယ်နည်းစနစ်နှင့် မျိုးစေ့ထုတ်စပါးမျိုးကွဲနုတ်ပယ်ခြင်း   လက်တွေ့ ပညာပေး သရုပ်ပြသသည်။

ရှေးဦးစွာ ဘားအံခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမေက သဘာဝနည်းဖြင့် ပိုးမွှား ရောဂါ ကာကွယ်နိုင်ရန် ကြက်သွန်ဖြူ ပိုးသတ်ဆေး၊  ဒုတ္ထာပိုးသတ်ဆေး၊ နနွင်းပိုးသတ်ဆေး၊   ဆင် တုံး မနွယ် ပိုးသတ်ဆေး၊ချင်းပိုးသတ်ဆေး၊ ဆေးရွက်ကြီးရည်ပိုးသတ်ဆေးနှင့် ငရုတ် သီးပိုး သတ်ဆေးပြုလုပ်နည်းများကိုလည်းကောင်း၊ စပါးနှင့်သီးနှံများတွင် ကျရောက် ဖျက် ဆီးတတ်သော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ယင်ဖြူသစ်သီးထိုးယင်၊ ခူ၊ ပုရွက်ဆိတ်၊ ပင့်ကူနီ များ၏ ဖျက်ဆီးနိုင်သည့်ကာလ၊ ဘဝစက်ဝန်းများနှင့် ကာကွယ်နှိမ်နင်းနည်းများကို ပညာပေး ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်/ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးများနှင့် သီးနှံကာကွယ်ရေး၊ မြေမျိုးပိုင်းဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များက ဘက်စုံပိုးမွှားကာကွယ်ရေးအတွက် အပင်ထွက် ပစ္စည်း များဖြင့် ပြုလုပ်သော သဘာဝပိုးသတ်ဆေးပြုလုပ်ပုံနှင့် အကျိုးကျေးဇူးများ၊ မျိုးစေ့ ထုတ် စပါးမျိုးကွဲနုတ်ပယ်ခြင်း၊ ဆင်းသုခ RS  to CS) (SRI) စိုက်ပျိုးနည်းစနစ်များကို တောင် သူများနှင့် ဘား အံစိုက်ပျိုးရေးတက္ကသိုလ် (ဇွဲကပင်) ကျောင်းသား၊ ကျောင်းသူများအား လက် တွေ့ပညာပေးပြသကြကြောင်း သိရသည်။   

Read 338 times Last modified on Friday, 08 September 2017 10:42