SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာများ၌ မြစိမ်းရောင် ရန်ပုံငွေဖြင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

Friday, 08 September 2017 10:49 font size decrease font size decrease font size increase font size increase font size

လှိုင်းဘွဲ့ စက်တင်ဘာ ၇

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာလျှင် မြစိမ်း ရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃ဝဝ ဆီ လွှဲပြောင်းပေးအပ်ပြီးဖြစ်ရာ ယနေ့နံ နက်ပိုင်းတွင်

မြစိမ်းရောင်စီမံကိန်းကျေးရွာများဖြစ်သော   ကွမ်တာကျေးရွာ၊ ဝါးခုတ် တော ကျေးရွာနှင့် ကပ္ပလီကြီးကျေးရွာတို့တွင်     မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာ နမှ တာဝန်ရှိသူများက ကွင်း ဆင်းကြည့်ရှုကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးစော အောင်မျိုးမြင့်နှင့် တာဝန်ရှိသူများက မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသောကွမ်တာကျေးရွာ၊ ဝါးခုတ်တောကျေးရွာနှင့် ကပ္ပလီကြီး ကျေးရွာ တို့ တွင်   စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်စုံဆိုင်လုပ်ငန်းများ၊ ကျေးရွာကွန် ကရစ် လမ်း လုပ် ငန်း များအား မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အောင်မြင်မှု အခြေ အနေ များကို သွားရောက်ကြည့်ရှုပြီး   ကျေးရွာမြစိမ်းရောင်ကော်မတီများနှင့်တွေ့ဆုံသည်။

လှိုင်းဘွဲ့မြို့နယ်အတွင်း ကျေးရွာအုပ်စု၇၂ စု၊ ကျေးရွာပေါင်း ၄၄၉ ရွာရှိပြီး မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ ရာ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အထိ၂၉ ယူနစ် ကျေးရွာ ၃၁ ရွာ၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွက်ထပ်မံ၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြစ်သော မြစိမ်း ရောင်ကျေး ရွာစီမံကိန်းကို ၁ဝ ယူနစ် ကျေးရွာ ၁ဝ ရွာအတွက်  တိုးချဲ့ဆောင်ရွက်ပေးကြောင်း သိရသည်။                           

Read 304 times Last modified on Friday, 08 September 2017 10:50