SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ထိုင်းနိုင်ငံရှိ ယာယီ ပတ်စ်ပို့ကိုင်ဆောင်ထားသောမြန်မာ လုပ်သားများကို သက်သေခံ လက်မှတ်ပြု လုပ် ပေးမည်

Friday, 08 September 2017 11:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၇

ထိုင်းနိုင်ငံရှိ နိုင်ငံသား စိစစ်ရေး လက်မှတ်နှင့် အိမ်ထောင်စု စာရင်း အထောက် အထား မတင်ပြ နိုင်သော ယာယီ ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား

စက်တင် ဘာ ၁ဝ ရက်မှစတင်၍သက်သေခံလက်မှတ် (CI) စာအုပ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံ ရှိ မြန်မာသံရုံးမှ ထုတ်ပြန်သည်။မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် သတ်မှတ် ထားသည့် ကုန်ကျစရိတ်ဘတ် ၃၁ဝကို ဆဲဗင်း အလဲဗင်းစတိုးဆိုင်များအပြင်ငွေသွင်းကောင်တာများမှ ထုတ်ပေးသော ငွေသွင်းပြေ စာနှင့် အတူ မိမိတို့ရွေးချယ်ထားသည့် ထုတ်ပေးရေးစခန်းများ၌ CI စာအုပ်ပြုလုပ်နိုင်ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၄ ရက်အထိ မှတ်ပုံတင်၍စာရင်းပေးသွင်းထားသော အထောက် အထားမဲ့မြန်မာ လုပ်သားများအား CI စာအုပ် ထုတ်ပေးမည့်ရက်ကို ထိုင်းအစိုးရက ထပ်မံ အ သိပေးကြေ ညာပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေပြီးနေထိုင်ခွင့်သက်တမ်းကျန်ရှိနေသေးသောယာယီပတ်စ်ပို့ကိုင်ဆောင်ထား သည့် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းအစိုးရမှ ထုတ်ပေးထားသော ယာယီနေ ထိုင် အလုပ် လုပ်ကိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသည့်မြန်မာ လုပ်သားများ အနက် နိုင်ငံသား အထောက် အထားဖြစ်သော နိုင်ငံသား စိစစ်ရေး လက်မှတ်နှင့် အိမ်ထောင်စု စာရင်းတင်ပြ နိုင် သည့်မြန်မာလုပ်သားများအား နိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးမှသာ သာမန်နိုင်ငံကူး လက် မှတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

Read 270 times Last modified on Friday, 08 September 2017 11:26