SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မြန်မာနိုင်ငံသားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့် ရှင်း သော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကိုထိန်းသိမ်းနိုင်ရန်ဖြစ်

Sunday, 10 September 2017 12:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်း ဝင်း ဦးဆောင်သောအဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စက်တင်ဘာ ၅ ရက်မှ  ၈ ရက်အထိ

ကျင်းပသော  ကုလသမဂ္ဂ နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်က  ကြီးမှူးကျင်းပသော (၇)ကြိမ်မြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအဆင့် ထိပ် သီး ညီလာခံသို့  တက်ရောက်သည်။

စက်တင်ဘာ  ၅ ရက်မှ  ၆ ရက်အထိကျင်းပသည့် အဆင့်မြင့်အရာရှိကြီးများအစည်း အဝေးတွင် သယံဇာ တများကိုထိရောက်အကျိုးရှိစွာသုံးစွဲနိုင်ရေးနှင့် ညစ်ညမ်းမှုကင်းစင်သော ဒေသဖြစ်ပေါ် လာရေးကိုဦးတည်၍  တက်ရောက်လာကြသူများက ဆွေးနွေးသည်။

စက်တင်ဘာ ၇ ရက်တွင် ဝန်ကြီးအဆင့်ထိပ်သီးညီလာခံကိုစတင်ကျင်းပရာ  ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ထိုင်းနိုင်ငံ ပတ်ဝန်းကျင်နှင့် သဘာဝ သယံ ဇာတဝန်ကြီး  H.E.Gen.Surasak  Karnjanaratç UN  ESCAP မှ H.E.Gen.Surasak  Karnjanarat UN  ESCAP တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားကြသည်။

ဆက်လက်၍ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ကျင်းပရာ နိုင်ငံငါးနိုင်ငံမှ ဝန်ကြီးငါးဦးက ပါဝင် ဆွေး နွေးသည်။ မွန်းလွဲပိုင်းတွင် တက်ရောက်လာသောနိုင်ငံများက တင်ပြဆွေးနွေးသည့် အစီအ စဉ်များ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏မူဝါဒသဘောထားကိုတင်ပြရာတွင် အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်လုပ်ငန်းစီမံချက်ကို ''စဉ်ဆက်မပြတ် စိမ်း လန်း သန့်ရှင်း၍ ကျန်းမာသန်စွမ်းသောပတ်ဝန်းကျင်ဖြင့် မြန်မာနိုင်ငံ၏ တောက် ပသော အနာဂတ်ကို  ဖန်တီးရန်'' ဟူသော ရည်ရွယ်ချက်ဖြင့် ရေးဆွဲချမှတ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး တွင် သစ် ထုတ် လုပ်ခြင်းကို တစ်နှစ်ရပ်ဆိုင်း၍ ပဲခူးရိုးမ၌ ၁ဝ နှစ်ရပ်ဆိုင်းထားကြောင်း၊ အမျိုးသား အဆင့် ပတ်ဝန်းကျင်ရေးရာမူဝါဒ၏  ရေရှည်မျှော်မှန်းချက်မှာ မြန်မာနိုင်ငံသား များ၏ လူ နေမှုဘ ဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်း ကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကိုထိန်းသိမ်းနိုင်ရန်ဖြစ်ကြောင်း၊ ရာသီဥ တုပြောင်း လဲမှုဒဏ်ကို ခံနိုင်ပြီး ကာဗွန် ထုတ်လွှတ်မှုနည်းသောလုပ်ငန်းများတွင် ရင်း နှီးမြှုပ် နှံခြင်းဖြင့်  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတများကို စဉ်ဆက်မပြတ် အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင် မည်ဖြစ်ကြောင်းပြောကြားသည်။

အစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း ဂျပန်နိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. Yasao Takahashi နှင့် သီးခြားတွေ့ဆုံခဲ့ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင် ငံတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များဆောင်ရွက်နိုင်ရန်တို့ကိုလည်းကောင်း၊ ကုလ သမဂ္ဂ တွဲဖက်အတွင်းရေးမှူးချုပ်နှင့် UNEP အမှုဆောင်ဒါရိုက်တာ Mr. Erik Solheim နှင့် တွေ့ ဆုံရာတွင် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအားအကူအညီပေးရေးကိစ္စရပ်များနှင့်   ရေ ရှည် လက်တွဲပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေး သည်။

၎င်းအပြင် ပြည်ထောင်စုဝန်ကြီးက Im-pactful Investments in Water Efficient Infrastructure"ခေါင်းစဉ်ဖြင့်ကျင်းပသော ပူးတွဲ အစည်း အဝေးတွင် သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ ပတ်ဝန်း ကျင်ညစ်ညမ်းမှု ကိစ္စရပ်များအပေါ်UNESCAP က လက်တွေ့ဖြေရှင်း ဆောင်ရွက်နေ မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးအား တွေ့ဆုံ မေးမြန်း ခဲ့ကြောင်း သတင်းရရှိသည်။

Read 265 times Last modified on Sunday, 10 September 2017 12:34