SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မောင်တောဒေသပြန်လည်ထူထောင်ရေး လတ်တလော လုပ်ဆောင်နေမှုများနှင့် အနာဂတ် လုပ် ငန်း စဉ်များ အား မြို့မိ၊ မြို့ဖ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး

Sunday, 10 September 2017 12:37 font size decrease font size decrease font size increase font size increase font size

စစ်တွေ  စက်တင်ဘာ  

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်ကဖြစ် ပွားခဲ့သော  ARSA  အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏

အကြမ်းဖက် တိုက်ခိုက်မှု ကြောင့်  ပျက်စီး ယိုယွင်းခဲ့သောနေအိမ်၊ လမ်း၊ တံတား အပါအဝင် နေရပ်မှခေတ္တစွန့်ခွာကာ ယာယီကယ် ဆယ်ရေး စခန်းများသို့ရောက်ရှိနေသော ဒေသခံတိုင်းရင်း သားများအတွက်   ပြည်နယ် အစိုး ရအနေဖြင့် လတ်တလော  လုပ်ဆောင်ပေးနေမှုများ၊ အနာဂတ်လုပ် ငန်းစဉ် များနှင့်  ပတ်သက်၍ မြို့မိ၊မြို့ဖများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မောင်တောဒေသ  ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်နယ် အစိုး ရ အနေဖြင့်   ပြည်ထောင်စုအစိုးရ လမ်းညွှန်မှုနှင့်အညီ လတ်တလော အခြေအနေတွင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ စာရင်းဇယားများကောက်ယူလျက်ရှိကြောင်း၊ နေရပ်မှခေတ္တ စွန့်ခွာ ကာ ကယ်ဆယ်ရေးစခန်းများ၌ရောက်ရှိနေသော  ဒေသခံတိုင်းရင်းသားများအား နေထိုင် စားသောက်ရေး၊ ကျန်းမာရေးနှင့်   ပညာဆက်လက် သင်ကြားနိုင်ရေးမှအစ သက်ဆိုင် ရာ ဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်ကဲ့သို့ လမ်းပန်း ဆက်သွယ်ရေး ပြန်လည်ကောင်း မွန်ရေးကိုလည်း ဦးစား ပေးလုပ် ဆောင် လျက်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရ လမ်းညွှန်မှုနှင့်အတူ အစိုးရ၊ ပြည်သူအားလုံး  ပူးပေါင်း ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

မြို့မိ၊ မြို့ဖများကလည်း  လတ်တလော စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းအဖြစ်ထားရှိရာ   ဘုန်း တော်ကြီးကျောင်းများ၌ အဆင်ပြေမှု၊  မပြေမှုများကိုသိလိုကြောင်း၊  ဝါတွင်းကာလဖြစ်၍   ထားရှိမည့်ကာလ အပိုင်းအခြားကိုလည်း သိလိုကြောင်း၊ ဒေသအခြေအနေမှာလည်း စိုးရိမ်စရာ မရှိ၍ ကယ်ဆယ်ရေးစခန်းများရှိ ဒေသခံတိုင်းရင်းသား အမျိုးသားများကို မိမိဒေသသို့ ကနဦးပြန် လည်ပို့ဆောင်ပေးစေလိုကြောင်း၊ မောင်တောဒေသရှိ   တိုင်းရင်းသားကျေးရွာများ၌ ခိုင်မာသောကျောင်း အဆောက်အဦများ တည်ဆောက်ပေးလျှင်ရေရှည်တွင် သင့် လျော်မှု ရှိမည်ဖြစ်ကြောင်း စသည်ဖြင့် အကြံပြုကြပြီး   ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင် ရွက်သွား မည်ဖြစ် ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားကြသည်။

အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စစ် တွေမြို့ပေါ်ရှိ မြို့မိ၊ မြို့ဖအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read 326 times Last modified on Sunday, 10 September 2017 12:39