SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တိုင်းရင်းဆေးပညာအကြောင်း ပညာပေးဆွေးနွေး

Sunday, 10 September 2017 13:02 font size decrease font size decrease font size increase font size increase font size

မန္တလေး  စက်တင်ဘာ 

တိုင်းရင်းဆေး ပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် အရ တိုင်းရင်းဆေးပညာ အကြောင်း ပညာပေးဆွေးနွေးပွဲကို

ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး) ဘွဲ့ နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းရင်းဆေးကောင်စီဝင် ဦးသန်းထွန်းကအဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခချုပ်က  တိုင်းရင်းဆေး ပညာဟော ပြော ပွဲဖြစ်မြောက်ရေး အတွက်ပံ့ပိုးကူညီသူ   ဒေါက်တာ ဇေယျာမင်းအား ဂုဏ်ပြု မှတ်တမ်း လွှာပေး အပ်သည်။

ဆက်လက်၍ တိုင်းရင်းဆေး တက္ကသိုလ် သုတေသနဌာန သုတေသနမှူး ဒေါက် တာကြည်ကြည် ဦးက မြန်မာ့ကျန်းမာရေး သိပ္ပံသုတေသနဂျာနယ်တွင် ရေးသားဖော်ပြထားသော တိုင်းရင်းဆေး သုတေ သနစာတမ်းများအား လေ့လာတင်ပြခြင်းအကြောင်းကိုလည်း ကောင်း၊ ရေတံခွန်တောင်ပရဆေးဥယျာဉ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့် အောင် က တိုင်းရင်းဆေး နယ်မှ အစာ လည်းဆေး၊ ဆေးလည်းအစာဟူသော မိန့်ဆိုချက်အပေါ် လေ့လာ ဆန်းစစ်ခြင်းအကြောင်းကိုလည်းကောင်း ဟောပြောဆွေးနွေးပြီး စာတမ်းရှင်များအား   ဆုများပေး အပ်ကြောင်း သိရသည်။   

Read 290 times Last modified on Sunday, 10 September 2017 13:04