SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မောင်တောဒေသ၌ အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်း မပြုလုပ်ကြရန်နှင့် အဆို ပါ လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းပေးပို့ကြရန် တိုက်တွန်းချက်ထုတ်ပြန်

Sunday, 10 September 2017 13:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

မောင်တောဒေသ၌ အကြမ်းဖက်လုပ်ရပ် များတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီအားပေးခြင်း၊ ထောက်ပံ့ခြင်း များမပြုလုပ်ကြရန်နှင့် နေအိမ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ကြရန်

မောင်တောခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့် တစ် ရပ်  ထုတ်ပြန်ပြီး တိုက်တွန်းလိုက်သည်။မောင်တောဒေသအတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် လုံခြုံရေး၊  တရားဥပဒေ စိုးမိုးရေး နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် အလွန်အရေးကြီးသည့်  အချိန် ကာလဖြစ် သည့်အတွက် ပြည်သူများအနေဖြင့် အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီ အားပေးခြင်း၊ ထောက်ပံ့ခြင်းများမပြုလုပ်ကြရန်၊ နေအိမ်များ၊ ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ကြရန်၊ မီးလောင်ပြင်ဧရိယာများ အတွင်းရှိပစ္စည်းများအားလုယက်ခြင်း၊ ဖောက် ထွင်းခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများမပြုလုပ်ကြရန်၊ တုတ်၊ ဓား၊ လက်နက်များ၊ ပေါက်ကွဲ စေတတ်သော ပစ္စည်းများ စသည့် အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများအား လက်ဝယ်တွင် ကိုင်ဆောင်ခြင်း၊ ထားသိုခြင်း၊ အသုံးပြုခြင်း များမပြုလုပ်ကြရန်နှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက  လုံခြုံရေးအခြေအနေအရ မသွား ရောက်ကြရန် သတ်မှတ်ထားသောနေရာများသို့  ဝင်/ထွက်သွား လာခြင်းမပြု လုပ်ကြရန် မောင်တော ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက  ယနေ့ရက်စွဲဖြင့်  အမိန့်အမှတ် (၃/၂ဝ၁၇)ကို ထုတ်ပြန်ခြင်းဖြစ်သည်။ 

အဆိုပါအမိန့်တွင် တရားဥပဒေစိုးမိုးရေး နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အဟန့် အတားဖြစ်စေသော ပြစ်မှုကျူးလွန်သူများကိုလည်း  ဥပဒေအရထိရောက်စွာအရေးယူခြင်း၊ ပစ်ခတ်ထိန်း သိမ်းခြင်းများပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို  လေးစားလိုက်နာခြင်းအားဖြင့် မောင်တောဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေးနှင့်  နယ်မြေတည်ငြိမ်အေး ချမ်းရေးတို့ အတွက် ပူးပေါင်းပါဝင်ကူညီကြရန်လည်း တိုက်တွန်း ထားသည်။

တာဝန်ရှိသူများ အနေဖြင့်လည်း ယင်း အမိန့်နှင့်စပ်လျဉ်းပြီး မောင်တောခရိုင်အတွင်း နေထိုင်သူများသိရှိစေရန် အသိပေးခြင်းများ ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး တာဝန် သိပြည်သူများ အနေဖြင့်လည်း အကြမ်းဖက်မှု တွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီအားပေးခြင်း၊ ထောက်ပံ့ပေးခြင်း၊ နေအိမ်များနှင့် ပစ္စည်းများ အား မီးရှို့ဖျက်ဆီးခြင်း၊ မီးလောင်ပြင်ဧရိယာ များအတွင်း ရှိပစ္စည်း များအား  လုယက်ခြင်း၊ ဖောက်ထွင်းခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊တုတ်၊ ဓား၊ လက်နက်များ၊ ပေါက်ကွဲစေတတ် သောပစ္စည်းများကိုင်ဆောင်ထားခြင်း စသည်

တို့ကို သတင်းကြားသည်ဖြစ်စေ၊ တွေ့ရှိသည်ဖြစ်စေ မောင်တောခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန နှင့်  လုံခြုံရေးတပ်ဖွဲ့များထံ ဆက်သွယ် သတင်းပေးပို့ကြပါရန် အသိပေးတိုက် တွန်း အပ် ပါကြောင်း သတင်းထုတ်ပြန် ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

Read 312 times Last modified on Sunday, 10 September 2017 13:08