SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သွေးရောဂါကုသမှုဆိုင်ရာပညာရပ်သည် အချိန်နှင့်အမျှ ဖွံ့ ဖြိုးတိုးတက်နေသော ပညာရပ်ကြီး တစ်ခုဖြစ် ၍ နောက်ကျကျန်နေခြင်းမဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်

Sunday, 10 September 2017 13:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၉

မြန်မာနိုင်ငံဆရာဝန်အသင်း၏ (၆)ကြိမ်မြောက် သွေးရောဂါပညာဆိုင်ရာညီလာခံကို ယနေ့နံ နက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ MELIA Yangon Hotel ၌ကျင်းပသည်။

ညီလာခံတွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ဆရာဝန်အသင်းသေွး ရောဂါပညာဆိုင်ရာ အဖွဲ့အနေဖြင့်ဖွဲစည်းခဲ့သည်မှာ ၁၄ နှစ်နီးပါး ရြှိပီဖြစ်၍ အစဉ်အလာရှိသော အဖွဲ့တစ်ခုဖြစ်ကြောင်း၊ အသင်း၏သက်တမ်းရလာသည်နှင့်အမျှ အသင်းကြီးအနေဖြင့် မိမိတို့ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ပြန်လည်သုံး သပ်ကြည့် ရှု၍ ဝေးလံခက်ခဲသောဒေသများမှ ပြည်သူများအတွက် ဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်စေ ရေးအ တွက် လုပ်ဆောင်ကြစေလိုကြောင်း၊သွေးရောဂါပညာရပ်များ ပိုမိုပြန့်ပွားစေရန်အတွက် ယခု လက် ရှိ ပါမောက္ခများ၊အငြိမ်းစားပါမောက္ခကြီးများမှ ဦးဆောင်၍သွေးရောဂါပညာရပ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရသင်တန်းများပို့ချပေးခြင်း၊ နောက်ဆုံး ပေါ်သွေး ရောဂါကု သမှုဆိုင် ရာပ ညာရပ်များကို သတင်းလွှာအနေဖြင့်ဖြန့်ဝေခြင်း၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အင်တာနက်ဝက်ဘ်ဆိုက်မှ ဖြန့်ဝေပေးခြင်းများကိုပြုလုပ်ပေးစေလိုကြောင်း၊ ယခုညီလာခံသို့တက်ရောက် လာသူတက်သစ်စ ပညာရှင်များ အနေဖြင့် အကြံသစ်ဥာဏ်သစ်များ ရလိုမည်ဖြစ်ပြီး တက်ကြွစွာပါဝင်ဆွေးနွေးကြစေလိုကြောင်း၊ လူငယ်တက်သစ်စပညာရှင်များ၊ ဝါရင့်ပါ မော က္ခကြီးများ၊ သွေးရောဂါ ပညာရပ်ကို စိတ်ပါဝင်စားသူများ၊ အထွေထွေရောဂါကု ဆရာဝန်များ အကြား အသိပညာ ဖလှယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ကွန်ရက် တစ်ခုဖော်ဆောင်ရန် ဆောင် ရွက်ကြစေ လိုကြောင်း၊သွေးရောဂါကုသမှုဆိုင်ရာ ပညာရပ်သည်အချိန်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်နေသော ပညာ ရပ်ကြီး တစ်ခုဖြစ်၍ ပညာရှင်များအနေဖြင့်နောက်ကျကျန်နေခြင်းမဖြစ်စေရန် ကြိုးပမ်း ဆောင် ရွက် သွားရမည်ဖြစ်ပြီး ဝန်ကြီးဌာနကလည်း အစွမ်းကုန် ထောက်ပံ့ ကူညီပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)ဥက္ကဋ္ဌ မြန်မာနိုင်ငံဆရာဝန်အသင်း သွေးရော ဂါ ပညာအဖွဲ့ နာယက ပါမောက္ခဒေါက်တာရဲမြက ကြိုဆိုနှုတ်ဆက်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌတို့ကဆေးနှင့် ဆေး ပစ္စည်းပြ ခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

အခမ်းအနား သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆရာဝန်များ၊ ပညာရှင်များ တက် ရောက်ကြပြီး အမေရိကန်၊အင်္ဂလန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊စင်ကာပူ၊ ထိုင်း၊ မြန် မာနိုင် ငံတို့မှ ပါမောက္ခများ၊ ပညာရှင်များ တက်ရောက် ဆွေးနွေး၍ စာတမ်းများဖတ်ကြား ကြ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။                    

Read 185 times Last modified on Sunday, 10 September 2017 13:29