SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

Lotus Terrace အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ဝ ရာခိုင်နှုန်းပြီးစီး

Sunday, 10 September 2017 13:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၉

ရန်ကုန်မြို့အနောက်ပိုင်း လှိုင်မြစ်ဘေးရှိ ၆၅၂ ဧက အကျယ်အဝန်းရှိသော ပန်းလှိုင် အိမ်ရာ ဝင်းအတွင်း၌ Lotus Terrace အဆင့်မြင့်အိမ်ရာစီမံကိန်းကို

YomaStrategic Holdings Company မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာအဆောက်အအုံဆောက်လုပ်မှု ၃ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်ဖြင့် Yoma StrategicHoldings Company မှ ပန်းလှိုင်အိမ်ရာဝင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် Lotus Terrace အဆင့်မြင့် အိမ်ရာ စီမံကိန်း၌အဆောက်အအုံ သုံးလုံးပါဝင်ပြီး အိမ်ခန်းပေါင်း ၁၈ ခန်းပါရှိသည်။ အိမ်ခန်းများ၏အကျယ်အဝန်းသည် ၂၆၃၈ စတုရန်းပေမှ ၃၁၁၆ စတုရန်းပေအထိရှိပြီး မြေညီထပ်ရှိ အိမ်ခန်းများတွင် ၁၉၃၄ စတုရန်းပေမှ ၂၅၆၁ စတုရန်းပေအထိရှိကြောင်းသိရသည်။

ပန်း လှိုင်အိမ်ရာဝင်းအတွင်းရှိ CountryClub တွင် ရေကူးကန်နှင့် ကလေးကစား ကွင်းများ၊ အား ကစားခန်းမ၊ မြက်ခင်းပြင်တင်းနစ်ကွင်းများ၊ Beauty Salon? Restaurant နှင့် Spa တို့ ပါ ဝင်တည်ဆောက်ထားသည်။

ထို့ပြင် လျှပ်စစ်မီးနှင့်ရေ ၂၄ နာရီရရှိစေရန်ဆောင်ရွက်ထားကာ စီမံကိန်းဧရိယာအတွင်း စိမ်းလန်း မှုဧရိယာအများအပြားဖန်တီးလုပ်ဆောင်ထားကြောင်းနှင့် အဆင့် မြင့်ဓာတ် လှေ ကားများ ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။

ယခုအခါ Lotus Terrace အဆင့်မြင့်အိမ်ရာစီမံကိန်းအတွင်း အဆောက်အအုံ တစ်လုံး ဆောက် လုပ်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ကျန်အဆောက်အအုံနှစ်လုံးမှာလည်း အုတ်မြစ် ချလုပ် ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

လက်ရှိတွင် SdwGif Lotus Terrace အဆင့်မြင့်အိမ်ရာစီမံကိန်းမှ အိမ်ခန်းများကို စတင် ရောင်း ချ ပေး နေပြီး ဝယ်ယူနေထိုင်သူများအဆင်ပြေစေရန် ရိုးမဘဏ်နှင့် ချိတ်ဆက်ကာ နှစ်ရှည် အရစ်ကျချေးငွေစနစ် ဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ပန်းလှိုင်အိမ်ရာဝင်းအတွင်းရှိ Lotus Garden အိမ်ရာတွင် စီမံကိန်းသုံးခုအနေဖြင့်   Lotus Hill Lotus Place နှင့် Lotus Terrace တို့ရှိပြီး Lotus Terrace အဆင့်မြင့်အိမ်ရာစီမံကိန်းကို ၂ဝ၁၇ ခုနှစ် နှစ်စပိုင်းကစတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

Read 299 times Last modified on Sunday, 10 September 2017 13:37